CH 120

1.1K 139 9
                                    

အပိုင်း ( ၁၂၀ ) -  သန့်စင်ခြင်းမိစ္ဆာကြာပွင့် မီးတောက်
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens

ရှောင်ယွင် သတိပြန်လည်လာသည့်အခါတွင် သူ့တစ်ကိုယ်လုံးမှာ နာကျင်နေဆဲပါ။ တစ်ကိုယ်လုံးကို အပ်ဖြင့် ထိုးဆွထားသလို ဖြစ်နေသည်။ ထို့ကြောင့် လက်ချောင်းမှာ ဝတ်ဆင်ထားသည့် သိုလှောင်လက်စွပ်ကို ပွတ်သပ်လိုက်ပြီ ကျောက်စိမ်းပုလင်းငယ်တစ်လုံးကို ထုတ်ယူလိုက်သည်။ ပုလင်းအဖုံးဖွင့်ကာ စောင်းငဲ့၍ ပန်းရောင် ဆေးအရည်စက်များကို မော့သောက်လိုက်သည်။

ထုံထိုင်းစေသော သတ္တိပါဝင်သည့် ယင်းပန်းရောင် ဆေးရည်ကြောင့် ရှောင်ယွင် တစ်ကိုယ်လုံးမှာ နာကျင်နေတာတွေက တဖြည်းဖြည်း လျော့ပါးသက်သာလာသည်။ မတ်တတ်ပြန်ရပ်လိုက်ပြီ အနက်ရောင်စာလိပ်ကို ပြန် ကောက်ယူကြည့်လိုက်ရာ ယင်းစာလိပ်တွင် ရေးထားသာ စာသားများနှင့် စွန်ရဲတောင်ပံတို့မှာ ပျောက်ကွယ်နေတာကို တွေ့လိုက်ရသည်။။

ရှောင်ယွင်မှာ ဗလာအလွတ် ဖြစ်နေပါသော စာလိပ်ကို ငေးကြည့်ရင်း စိတ်ရှုပ်ထွေးလာသည်။ ရုတ်တရက် သူသည် သိုလှောင်လက်စွပ်အထဲကနေ သလင်းကျောက် မှန်တစ်ခုကို ထုတ်ယူလိုက်ပြီ ယင်းမှန်အကူအညီဖြင့် သူ့၏ ကျောပြင်တွင် လက်ဝါးတစ်စာအရွယ်ရှိသည့် အနက်ရောင် စွန်ရဲတောင်ပံတက်တူးက ဘယ်ကဲ့သို့ ဘယ်လိုရောက်လာမှန်းမသိ အခန့်သားရောက်ရှိနေသည်ကို မြင်လိုက်ရသည်။

“ အဲဒါက ခရမ်းတိမ် စွန်ရဲတောင်ပံလား..”

ရှောင်ယွင်က မသေချာသေးသော လေသံဖြင့် သူ့ကိုယ်သူ ရေရွတ်ပြောလိုက်မိသည်။ ထို့နောက် သူ့၏ခန္ဓာကိုယ် ထဲက ဒိုချီစွမ်းအင်တို့ကို ထိုချီလမ်းကြောင်းနှစ်ခုထဲကို အပြည့်အဝ စီးဆင်းစေလိုက်ကာ ကျောထက်က  အဆိုပါတက်တူးဆီသို့ စီးဝင်သွားစေလိုက်သည်။

စီးဆင်းလာသော ဒိုချီစွမ်းအင်တို့ကို လက်ခံလိုက်ပြီးနောက် မည်းနက်လှသော အဆိုပါတက်တူးက ချက်ချင်းပဲ ခရမ်းဖျော့အလင်းတစ်ခုကို ထုတ်လွှတ်ပေးသည်။  နောက်ဆုံးတွင် ၎င်းတက်တူးက အမှန်ပင် တကယ့်​တောင်ပံအဖြစ်သို့ ပြောင်းလဲလာသည်။ အရွယ်အစားက လက်တစ်ဝါးစာအရွယ်ကနေ အလျားလိုက် တစ်ပေဝက်အထိ ရှည်လာခဲ့သည်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now