Chapter 2 Dou Qi တိုက်ကြီး

3.8K 331 6
                                    

Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 2   Dou Qi တိုက်ကြီး

ကြယ်တွေ ပြည့်နှက်နေတဲ့ ကောင်းကင်ပြာမှာ
ငွေလကြီးဟာထိန်ထိန်သာနေတယ်။
ချောက်ကမ်းပါးထိပ်အစွန်းလေးမှာ ရှောင်ယွင်လေး
မြက်ခင်းပြင်မှာ လဲလျောင်းနေတယ်။ ပါးစပ်မှာ
မြက်ပင်ရိုးတံလေး ကိုက်ထားတယ်။
ဖြည်းဖြည်းဝါးရင်း မြက်ပင်ရဲ့ ခါးသက်အရသာကို
ဖြည်းဖြည်းချင်းအရသာခံနေသည်။
လက်တဖက်ကို မြှောက်လိုက်ပြီး မျက်လုံးကို
ဖုံးအုပ်ထားလိုက်တယ်။ လက်ချောင်းကြားထဲကနေ
လမင်းကြီးကို ငေးကြည့်နေရင်း

" အာ..  "
နေ့လယ်တုန်းက စမ်းသပ်ပွဲကို ပြန်သတိရသွား၏။
ရှောင်ယွင်အသက်ပြင်းချမိ၏။ ထို့နောက်
လက်နှစ်ဖက်စလုံးကို ဦးခေါင်းအောက် ခုလိုက်တယ်။
သူ့အကြည့်တွေ ရီဝေနေတယ်။

" ဆယ့်ငါးနှစ်... ဟင်?!... "
အဓိပ္ပါယ်ဖော်ဆောင်ဖို့ခက်တဲ့ စကားလုံးတွေ
ရှောင်ယွင်ရေရွတ်မိပြန်တယ်။
ရှောင်ယွင်နှလုံးသားထဲက လျှို့ဝျက်ချက်ကို
သူတယောက်သာသိတယ်။သူဟာ ဒီလောကက
လူတဦးမဟုတ်ဘူး။ သူ့ရဲ့ဝိညာဉ်လိပ်ပြာလည်း
ဒီလောကနဲ့ မသက်ဆိုင်ပါဘူး။ ကမ္ဘာလို့ ခေါ်တဲ့
ဂြိုဟ်ပြာကနေ လာခဲ့တာဖြစ်တယ်။ ဒီလောကကို
ရောက်ရှိလာတဲ့ ထူးဆန်းတဲ့ ကံကြမ္မာကို
သူနားမလည်ခဲ့ဘူး။ အတန်ကြာအောင်နေပြီးမှ
လောကအသစ်ကို ရောက်ရှိနေမှန်း သူနားလည်ခဲ့တယ်။
သူအရွယ်ကြီးလာလေ ဒီလောကအသစ်နဲ့
ပိုအကျွမ်းဝင်လာခဲ့တယ်။ ဒီလောကကို
Dou Qi တိုက် လို့ခေါ်တယ်။ သိုင်းဝတ္ထူကလို
မှော်ပညာ အမျိုးမျိုးမရှိပါဘူး။ Dou Qi တခုသာ
ဒီလောကရဲ့ အဓိက ဖြစ်တယ်။
   ဒီတိုက်ပေါ်မှာ မျိုးဆက်များစွာတို့၏ အဆင့်ဆင့်
ကြိုးစားခဲ့မှုကြောင့် Dou Qi ကျင့်ကြုံမှုဟာ
အကောင်းဆုံးအခြေ ကိုရောက်ခဲ့၏။ Dou Qi နဲ့
ပတ်သတ်ပြီး ဗဟုသုတ နားလည်မှုတွေ.. ကျယ်ကျယ်
ပြန့်ပြန့်သိလာသည်နှင့်အမျှ သြဇာလွှမ်းမိုးမှုလည်း
သာမန်လူတွေအထိ သက်ရောက်မှုကြီးမားလာသည်။
Dou Qi နှင့် လူတွေ၏နေ့စဉ်ဘဝတွေကို ခွဲခြားလို့
မရတော့ပေ။ ဒီမြေပေါ်မှာ Dou Qi ဆိုတာ မရှိမဖြစ်ပါပဲ။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now