49 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 49. ဒိုချီကျင့်စဉ်တစ်ခုကို ရွေးချယ်ခြင်းအနက်ရောင်တံခါးမကြီးကို ကျော်၍ အနည်းငယ်လျှောက်
ဝင်လာခဲ့လေရာ အတွင်းတွင် အနည်းငယ် မှောင်မိုက်နေ
သည်။ နံရံပေါ်တွင် ချိတ်ဆွဲထားသော မီးပုလဲများထံမှ
ခပ်ဖျော့ဖျော့လေး အလင်းရောင် ဖြာလင်းနေရာ ဂေဟာ
အတွင်းမြင်ကွင်းမှာ လေးနက် တိတ်ဆိတ်နေတော့သည်။ဂေဟာအတွင်းမှာ ကြီးမားတဲ့ ဝင်ပေါက်လမ်းကြောင်းများ
စွာ ရှိပြီ လမ်းကြောင်းအားလုံးဟာ ပင်မဝင်ပေါက်တံခါးကြီး
မှနေ ဖြန့်ခွဲရှိနေကြသည်။ ဝင်ပေါက်လမ်းမှာလည်း ကြီးမား
တဲ့ စာလုံးများကလည်း ဝင်လမ်းနှင့်သက်ဆိုင်သော မူလ
အရင်းအမြစ်သဘာဝကို ဖော်ပြထားရှိသည်။ဝင်ပေါက်လမ်းကြောင်းတွေကို သေချာကြည့်လိုက်ပြီ
နောက် နောက်ဆုံးမှာ ရှောင်ယွင်တို့နှစ်ဦး ဘယ်ဘက်
အစွန်းရှိ မီး နှင့် သက်ဆိုင်သော လမ်းကြောင်းဝင်ပေါက်
အရှေ့မှာ ရပ်လိုက်ကြသည်။ နှာခေါင်းကို ရှုပ်ခနဲ ပွတ်
လိုက်ပြီ ခေါင်းကို စောင်းငဲ့ကြည့်လိုက်ရာ ရှက်သွေးဖြာ
ကာ မျက်နှာနီမြန်းနေသော ရှင်းအာက သူ့မြင်ကွင်းထဲ
ဝင်လာသည်။ရှောင်ယွင် အံအားသင့်ပြီ မေးလိုက်သည်။
" ရှင်းအာ... ဘာဖြစ်တာလဲ? "" ဟမ်?? "
ရှောင်ယွင်အသံကြောင့် သတိပြန်ဝင်လာဟန်ရှိသည်။
ပန်းနုရောင်သမ်းနေတဲ့ သူမမျက်နှာမှာ ပိုပြီး နီရဲသွားသည်။
အရှက်ပြေသွားဖို့ အချိန်ခဏ ယူလိုက်ရပြီ နှာခေါင်းရှုံ့၍
ဂရုမစိုက်သည့်လေသံဖြင့် ပြန်ဖြေလိုက်သည်။" ဘာမှ မဟုတ်ပါဘူး.. မြန်မြန်သွားစို့.. ဒိုချီ ကျင့်စဉ်တွေ
မြန်မြန်ရှာရအောင်.. "ရှောင်ယွင် စိတ်စနိုးစနောင့် ဖြစ်သွားသည်။ ဒါပေမဲ့
ပြုံးလိုက်ပြီ မီး ဝင်ပေါက်လမ်းကြောင်းကို လက်ညိုးညွန်
ပြလိုက်ကာ ပြောလိုက်သည်။" ဝင်ကြစို့.. "
သူမ ခပ်လေးလေး ခေါင်းညိတ်လိုက်သည်။ သူမ၏
မျက်နှာတွင် အနည်းငယ် နီမြန်းနေလျက်ရှိနေပါ
သေးသည်။

YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Adventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...