Chapter 123

946 131 0
                                    

=====================
ကောင်းကင်​ဘုံသို့ စစ်​ပြိုင်​ခြင်း
Battle Through The Heavens
=========================
အပိုင်း (၁၂၃)
လက်​စား​ချေခြင်း၏ အစပြု ခြင်း
=========================

" ဝုန်း ဝုန်းး  "

ရေတံခွန်ကြီးကနေ ထွက်ပေါ်လာသော အသံများကား တောင် ကြားတစ်ခွင်မှာ တစ်နှစ်ပတ်လုံး မြည်ဟီးနေလျက်ရှိသည်။ ရေခိုးရေငွေ့ များနှင့် စိုစွတ်အေးမြလှသည့် လျှိုမြောင်တို့သည် လည်း ပူလောင် အိုက်စပ်သော အပြင်လောကနှင့် တစ်သီးခြား တည်း ရှိနေသလို မြင်သူအပေါင်းအား ခံစားစေရသည်။

တစ်ရှိန်ထိုး ထိုးဆင်းနေသော ရေတံခွန်သည်လည်း ငွေနဂါး တစ် ကောင်လို အသွင်သဏ္ဍာန်တူလွန်းနေသည်။ ရေတံခွန် အောက်မှာ ကိုယ်အထက်ပိုင်းတွင် အဝတ်ဗလာကျင်းထား သည့် လူငယ်တစ် ယောက်သည် ကြီးမားလှသည့် ကြီးမား လေးလံရွှင်းပေတံ အမည်ရသော ပေတံဓားကြီးကို မြဲမြံစွာ စွဲကိုင်ထားလျက် အံကို တင်းတင်း ကြိတ်ထားသည်။ သူသည် ရေတံခွန်မှ  အဆက်မပြတ်စီးဆင်းနေသည့် ရေအလျဉ်ကို ပေတံဓားကြီးဖြင့် ခုတ်ပိုင်းနေသည်။ ဓားချက်များကြောင့် ရေမှုန်​ရေမွှားများ အထက်ယံဆီကိုပင် လွင့်စင်သွားကုန်သည်။

ရှောင်ယွင်၏ ခြေထောက်သည်ကား သစ်ပင်တစ်ပင်၏ ရေ သောက်မြစ် ကဲ့သို့ သစ်တိုင်လုံးထိပ်ပေါ်ဝယ် မြဲမြံစွာ ရပ်ထားသည်။ ခန္ဓာ ကိုယ်ပေါ်မှာလည်း အဝါရောင် ဒိုချီစွမ်းအင်တို့က ပါးပါးလေး လွှမ်း ခြုံထားသည့်အပြင် ခန္ဓာကိုယ်ကို ရေစက်များ စင်ထွက်တိုင်း ရေငွေ့များ ခန္ဓာကိုယ်ပေါ်ကနေ တလူလူ ထွက် လာလေသည်။

ကြီးမားသည့် ပေတံဓားဖြင့် ရေအလျဉ်ကို ခုတ်ပိုင်းဖို့အတွက် ခွန်အားကို အင်မတန် အားစိုက်ထုတ်သုံးရသည်။ သို့ဖြစ်၍ သစ်လုံး တိုင်ထိပ်တွင် ခိုင်မာအောင် ရပ်နေရသည့်သည့်အပြင် ပေတံဓားကြီးကိုလည်း လွှဲကာလွှဲကာ ခုတ်ပိုင်း နေရသည်ဖြစ်ရာ အချိန်ကြာလာသည်နှင့်အမျှ ရှောင်ယွင်၏ ကြွက်သားစိုင်တို့မှာ နာကျင်မှုများ ကျင်တက်လာတော့သည်။

ရှောင်ယွင်မှာ အံကို ကြိတ်ထားပေမဲ့လည်း ခြေဖနောင့်တို့ လည်း တဖြည်းဖြည်း အားလျော့လာကာ ရေအလျဉ်အား ခုတ် ပိုင်းနေဆဲ အချိန်တွင် သူ့၏ တောင့်ခံနိုင်ရည်စွမ်းအား ကျော်လွန်သွား၍ ဘန်း ဆိုသော အသံနှင့်အတူ ရေပြင်းများအား သူ့ တစ်ကိုယ်လုံးအား ဖုံးလွှမ်းသွားချေကာ နောက်ဆုံးတွင် သစ်တိုင်လုံးထိပ်မှ ရေကန်ဆီသို့ ပြုတ်ကျသွားခဲ့သည်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now