Ch 116

984 173 1
                                    

အပိုင်း ( ၁၁၆ ) - ရေခဲဝိညာဉ်မီးမြက်ပင်

တိတ်ဆိတ်နေသော တောင်ဖောက်ဂူအတွင်းသို့ ဝင်လာလေ အေးစိမ့်နေမှုနှင့် အမှောင်ထုက သူတို့ နှစ်ယောက်ကို ဝန်းရံထားသည်။ တိတ်ဆိတ်နေသည့် ညအလယ်တွင် လူသားနှစ်ယောက်၏ ခြေသံကိုသာ ဖွဖွလေး ကြားနေရသည်။

ခြောက်ခြားဖွယ် ပတ်ဝန်းကျင်အခြေအနေကြောင့် နတ်မိမယ်သမားတော်မလေးသည် သူမလက်ကို သူမ အလိုလိုပင် ပိုက်ထွေးထားမိသည်။ သူမ၏ အရှေ့ကနေ ဖြည်းဖြည်းသွားနေသော ရှောင်ယွင်ကို ခေါင်းမော့ကြည့် မိလိုက်သည်။ အနည်းငယ်တုံ့ဆိုင်းသွားပြီး ခြေလှမ်းကို ခပ်သွက်သွက်လှမ်း၍ ရှောင်ယွင်အနောက်ကနေ ကပ် လိုက်သွားသည်။ ယခုလို ပတ်ဝန်းကျင်အခြေအနေတွင် အရှေ့က လူငယ်သည် သူမကို လုံခြုံမှုပေးသလို ခံစား  လိုက်ရသည်။

ထိုကဲ့သို့ ၁၀ မိနစ်ခန့် လမ်းလျှောက်ဝင်သွားရင်း နတ်မိမယ်သမားတော်မလေးသည် ယခုလို တိတ်ဆိတ် နေသည့် ပတ်ဝန်းကျင်အား ခံစားနေရသည်ကို ဆက်လက် တောင့်မခံနိုင်တော့ပေ။ ထိုအချိန်တွင် အရှေ့မှ လူငယ်သည် ရုတ်တရက် ခြေလှမ်းရပ်လိုက် သည်။

“ အားး ”

နတ်မိမယ်သမားတော်မလေးမှာ အချိန်မှီ မရပ်လိုက်နိုင်၍ ရှောင်ယွင်၏ နောက်ကျောကို အရှိန်မများဘဲ ဝင်တိုက်မိ သွားသည်။
မမျှော်လင့်ဘဲ ဝင်တိုက်လိုက်မိသည် အဖြစ်ကြောင့် နတ်မိမယ်သမားတော်မလေးသည် အနောက်ကို ပြန်ဆုတ်လိုက်ပြီ မျက်နှာက နီရဲစွာဖြင့် ရှောင်ယွင်ကို ရှက်သွားသော လေသံဖြင့် မေးလိုက်သည်။

“ ဘာဖြစ်လို့ ရပ်လိုက်တာလဲ.. ”

အစောပိုင်းက နူးညံ့စွာ တိုးထိခံစားလိုက်ရမှုကြောင့် ရှောင်ယွင် အသက်ကို ပြင်းပြင်းရှုသွင်းလိုက်သည်။  ထို့နောက် ခြောက်ကပ်စွာ ရယ်လိုက်ပြိး အဝါရောင် အလင်းဖျော့ဖျော့ ထွက်နေသာ ကျောက်တံခါးတစ်ခုကို လက်ညိုးညွန်ပြလိုက်သည်။

“ ဒီမှာ လမ်းက တဖက်ပိတ်နေတယ်.. ”

ထိုအခါ နတ်မိမယ်သမားတော်မလေးက မျက်မှောင် ကြုတ်လိုက်ကာ အရှေ့ကို နှစ်လှမ်းတိုးလိုက်သည်။ တံခါးကို မျက်နှာမူပြီ လေးနက်သော အသံဖြင့် ပြော လိုက်သည်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now