Chapter 5 အတွင်းစွမ်းအင်စုစည်းဆေးမှုန့်

1.8K 259 0
                                    

Battle Through The Heavens
by Heavenly Silkworm Potato
——————————————

Chapter 5     အတွင်းစွမ်းအင်စုစည်းဆေးမှုန့်

" အဟမ်း.. "
ဧည့်သည်လူကြီးသည် ချောင်းဟန့်ပြီး လည်ချောင်းရှင်း
လိုက်သည်။ မတ်တပ်ရပ်လိုက်ပြီး ရှောင်းကျန်းဆီကို
လက်သီးဆုပ် ဂါရဝပြုကာ ချိုသာသောအပြုံးဖြင့်
" မျိုးနွယ်ခေါင်းဆောင် ရှောင်ကျန်း...ဒီနေ့ ကျွန်တော်
တို့ ဒီကို လာတာကာ ကိစ္စတခုကို ကူညီပေးဖို့ပါပဲ.. "

    "ရတာပေါ့.. ကုရဲ...ဘာအခက်အခဲရှိလဲ ပြောလို့ရပါ
တယ်... တတ်နိုင်တဲ့ကိစ္စဆိုရင် မကူညီနိုင်ဘူးလို့
ငြင်းရဲပါဘူး... "    
လာလည်တဲ့ဧည့်သည်မို့ အပြတ်တော့ မငြင်းလိုက်ဘူး။
ဒါပေမဲ့ ဘာကို ပြောမလဲဆိုတာ မသိသေးသောကြောင့်
ကူညီမယ်လို့တော့ ကတိတော့မပေးရဲဘူး။

" ဟားဟား ရှောင်ခေါင်းဆောင် သူမကို သိလား?.. "
ဘေးနားက မိန်းခလေးကို ညွန်ပြပြီးမေးလိုက်သည်။

" အမ်.... တောင်းပန်ပါတယ်... သူက ဘယ်သူ?... "
မိန်းခလေးကို သေချာကြည့်ပြီး ရှောင်ကျန်း ခေါင်းခါပြ
လိုက်သည်။

ယွင်ချွင်ရဲ့ တပည့်ဖြစ်စတုန်းက နလန်ရိရွမ် အသက်က
၈ နှစ်ပဲရှိပါသေးတယ်။ တိမ်မြူဂိုဏ်းမှာ ငါးနှစ်ကြာ
သင်ယူလေ့လာခဲ့ပြီးနောက် သူမ အတော်ပြောင်းလဲ
သွားသည်။ အရင်က ကလေး ဖြစ်ပေမဲ့ အခုတော့
လုံးဝကို ဆယ်ကျော်သက်အရွယ် ဖြစ်နေပြီး။
  " အဟမ်.... သူ့နာမည်က နာလန် ရိရွမ်.. "

"  ရှောင်ဦးလေး... ဦးလေးဆီကို ဂါရဝလာမပြုတာ
တော်တော်ကြာနေပြီးမို့  ဦးလေး မမှတ်မိတာ
ရိရွမ်အပြစ်တွေပါ.. "    နလန်ရိရွမ် ချိုသာစွာပြောသည်။

  " ဟဟ.. ရိရွမ်..  ယွင်ချွင်ရဲ့ တပည့်ဖြစ်သွားတယ်လို့
ကြားမိတုန်းက ဒါကို ကောလဟလ လို့ ထင်ခဲ့မိတယ်။
အခုတွေ့ရတော့ တကယ်ပဲကိုး ..  ဘယ်လိုတောင်
တော်လိုက်သလဲ... "

" အဲဒါက ကံကောင်းလို့ ဖြစ်သွားတာပါ "
နလန်ရိရွမ် ညင်သာစွာပြုံးလိုက်သည်။
စိတ်ထဲမှာတော့ နေရခက်လာပြီး ကုရဲ၏အင်္ကျီကို
စားပွဲအောက်ကနေ လှမ်းဆွဲပြီး အချက်ပြလိုက်သည်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now