Chatper 105

1.3K 233 4
                                    

  ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း

Battle Through The Heavens    



ဂျားနန်အကယ်ဒမီကျောင်းမှာ ကျောင်းသား စုဆောင်းရေးအဖွဲ့အား ဦးဆောင်လာသော နည်းပြရောက်ရှိသည်ကို အစည်းအဝေးလုပ်နေ ကြသော ရှောင်ကျန်းနှင့် အကြီအကဲသုံးယောက်တို့ ကြားသိလိုက် သည့်အခါ တအံ့တသြဖြစ်သွားကြသည်။ ပြီးမှ မျက်နှာက ဝင်းပသွားကြကာ တစ်ယောက်ကို တစ်ယောက် ပြိုင်တူကြည့်လိုက်ကြပြီးနောက် ကမန်းကတန်းဖြင့် အစည်းအဝေးခန်းမကနေ ပြေးထွက်သွားကြကာ ကလန်ဝင်ပေါက်တံခါးဆီကို ပြေး၍ကာ လှပကြသော အမျိုးသမီးများအဖွဲ့ကို ကြိုဆို လိုက်ကြသည်။

ရှောင်ယွင်၏ မိတ်ဆက်ပေးမှုကြောင့်လည်း ကလန်နှင့် ဆရာမဖွဲ့တို့ စတင်ရင်နှီးကြလေသည်။ တဖန် ဆရာမရိုလင်းနှင့်အဖွဲ့က ကလန်မှာ တည်းမည် ဆိုတာကို သိလိုက်ရတော့ ရှောင်ကျန်းက ချက်ချင်းကို သဘောတူကာ အိမ်တော် အနောက်ဘက်ပိုင်းတွင် အခန်းလွတ်များကို ချက်ချင်းပြင်ဆန်ပေးဖို့ကိုလည်း တခြားလူတွေကို မြန်မြန်ဆန်ဆန် ဖြင့်  ညွန်ကြား လိုက်သည်။ ရှောင်ကျန်း၏ ဧည့်ဝတ်ပျူငှာလှသော အပြုအမူကြောင့် ဆရာမရိုလင်းနှင့်အဖွဲ့သားများတို့အား သဘောကျသွားစေခဲ့သည်။

ဂျားနန်အကယ်ဒမီကျောင်းမှ လှပပြီး အစွမ်းအစရှိသည့် ကျောင်းသူလေးများကြောင့် ရှောင်ကလန်မှာ အရင်ကထက် တက်တက်ကြွကြွ ရှိသလို ဖြစ်လာ၏။ ကလန်မှာ လူပျိုလေးတွေက ယောင်လည်လည် ဖြင့် လှပျိုဖြူအဖွဲ့ဘက်ကို လာလာချောင်းကြည့်ကြလေ သည်။ တစ်ချိန်တည်းမှာပဲ မိန်းကလေးများ ဝန်းရုံခြင်းခံနေရပြီး မေးခွန်းများ အဆက်မပြတ် အမေးခံထိနေသော ရှောင်ယွင်ကိုလည်း မနာလိုစွာ ကြည့်လိုက်မိကြသည်။

နေဝင်ရီတရောအချိန်လည်း တဖြည်းဖြည်း ရောက်ရှိ လာခဲ့သည်။ ရှောင်ကလန်က အိမ်ရှင်အနေဖြင့် သူတို့အား အကောင်းဆုံး နေရာထိုင်ခင်းများကို လုပ်ဆောင်ပေးသည်။ ညနေစာ စားသောက် ပြီးမှာတော့ နှစ်ဖက်စလုံးက အတော်လေး ခင်ခင်မင်မင်ဖြင့် စကား ဝိုင်းဖွဲ့ပြောဆိုနေတာကို မြင်ရပြီးနောက် ရှောင်ယွင် အကြောင်းပြချက်ရှာပြီး အသာလေး သူ့အခန်းဆီကို ပြန်လာခဲ့သည်။ ညောင်းညာကိုက်ခဲနေသော ခန္ဓာကိုယ် အား အိပ်ရာပေါ် လှဲအိပ်ချလိုက်သည်။ ဒီနေ့ ဆရာမရိုလင်းနှင့် တိုက်ပွဲတွင် သူ့ကို ဆရာရွဲ့လော်က အကူအညီ ပေးထားသော်လည်း သူ့အတွက် တော်တော် လေး ပင်ပန်းသွားခဲ့ရ၏

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now