Chapter 54

1.6K 257 3
                                    

54 ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
_________________________
Chapter 54 - ပိုက်ဆံ တိုးအောင်လုပ်မည်

ဒိုချီစုစည်းဆေးလုံးကို သကြားလုံးကဲ့သို့ စားရနိုင်စေရမည်
ဟုပြောဆိုလိုက်တာဟာ ကြွားဝါးပြောဆိုနေသကဲ့သို့
ထင်မှတ်ရပေမဲ့ ရွဲ့လော်၏ အစွမ်းနှင့် ဆေးပစ္စည်းသာ
လုံလုံလောက်လောက်ရှိမည်ဆိုလျှင် ရှောင်ယွင်အတွက်
ဒိုချိစုစည်းဆေးဆယ်လုံးလောက် ဖော်စပ်ဖို့က ပြဿနာ
မဟုတ်ပါဘူး။။

ဒါပေမဲ့ ရွဲ့လော်က ၀င့်ကြွားစွာအခိုင်အမာဆိုနေပါ
သော်လည်းရှောင်ယွင်မှာ များစွာ စိတ်မလှုပ်ရှားပါချေ။
ထို့အစား ရွဲ့လော်ဝယ်ခိုင်းတော့မည် ဆေးပစ္စည်းစာရင်း
ကြောင့် သူ့နှလုံးသားမှာ တဖြည်းဖြည်းနှင့် ထိုးဆင်း
သွားသလိုပဲ ခံစားနေရသည်။

" ကဲ မနက်ဖြန်ကျရင် အနှစ် ၅၀ သက်တမ်းရှိတဲ့
အရွက်မည်းနက်တဲ့ကြာပန်းရယ်...မြွေအဆိပ်သီးအမှည့်နှစ်
လုံး၇ယ်..အနှစ်၂၀သက်တမ်းရှိပြီ ၀ိညာဉ်ကို ပေါင်းစည်း
ပေးနိုင်တဲ့ မြက်ပင်တစ်စည်း..နောက်ပြီးတော့
ရေသတ္တစွမ်းအင်ပါတဲ့ မှော်ကျောက်တုံးတစ်တုံး "

ရွဲ့လော်၏ တည်ငြိမ်အေးဆေးသောအသံကထွက်ပေါ်
လာသည်။ဒါပေမဲ့ ရှောင်ယွင်၏ မျက်မှောင်ကုတ်ပြီး
အဝေးကနေလှမ်းကြည့်နေတာကို တွေ့ရတော့ ရွဲ့လော်ြ
ပန်ငေးကြောင်သွားသည်။

" ဘာဖြစ်လို့လဲ..?"

" သက်တမ်းက အနှစ် ၅၀ ရှိပြီး အရွက်က မည်းနက်နေတဲ့
ကြာပန်း.. ဟုတ်လား.. အဲ့လောက် သက်တမ်းရင့်နေတဲ့
ပန်းကိုရွှေဒင်္ဂါအပြား ၃၀၀၀ နဲ့ရောင်းတယ်ခင်ဗျ...
ဒီပိုက်ဆံက ပန်းပွင့်တစ်ပွင့်တင်ပဲ ရှိသေးတယ်.. ပြီးတော့
မှည့်နေပြီးဖြစ်တဲ့ မြွေအဆိပ်အသီး.. ဟုတ်လား..
ဒီအသီးက ဆေးဖော်ရင်သုံးတဲ့အဆင့်နိမ့် ပါဝင်ပစ္စည်း
တစ်ခုလို့ သတ်မှတ်လို့ရတယ်.. ဒါပေမဲ့ ပရဆေးဆိုင်မှာ
သိပ်မတွေ့ရဘူး.. ဒါလေးတစ်ခုရရင်တောင်တော်
တော်လေး ကံကောင်းတယ်လို့ပြောလို့ရတယ်.. ဒီအသီး
က တစ်လုံးကို အနည်းဆုံး ရွှေဒင်္ဂါး အပြား ၈၀၀၀
လောက်ပေးရတယ်.. သိပြီလား.. ပြီးတော့ သက်တမ်းက
အနှစ် ၂၀ ရှိတဲ့ဝိညာဉ်ပေါင်းစည်းမြက်ပင်တဲ့လား...
ဘုရားရေ... ဒီနာမည်ကို လေလံပွဲမှာ တစ်ခါပဲ ကြားဖူး
တယ်.. ပြီးတော့ သူရဲ့ ကြမ်းခင်းဈေးက တစ်သောင်း
ငါးရာ ရွှေဒင်္ဂါးပြားတဲ့ဗျာ.. နောက် အဆင့်၂ ရေမှော်
ကျေက်တုံးဆိုတဲ့ ဈေးအပေါဆုံးအရာတောင်မှ
အနည်းဆုံး ရွှေဒင်္ဂါး ၂၀၀၀ လိုလိမ့်မယ်.. .. "

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now