Chapter 112

1.2K 211 2
                                    

ကြီးမားသော လူအုပ်စုတစ်စုသည် တိတ်ဆိတ်နေသည့် တောအုပ်ထဲကို ဖြတ်နင်းလျှောက်နေကြသည်။ နိုးကြား နေသည့် မျက်လုံးတွေက ဘေးပတ်လည်က အမှောင် ကွယ်နေသည့် ခြုံပုတ်များကို ထောင့်စေ့အောင် ကြည့် နေသည်။ လက်တွင်လည်း လက်နက်ကို ကျစ်ကျစ်ပါ အောင် ဆုပ်ကိုင်ထားရာ ရုတ်တရက် ဖြစ်ပေါ်လာနိုင် သည့် မည်သည့်အရာကိုမဆို ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထား ကြသည့်ပုံမျိုး ဖြစ်လေသည်။

မှော်သားရဲကောင်တောင်တန်းတွင် နှစ်ပေါင်းများစွာ ကျင်လည်အသက်မွေးလာကြသည့် ဝါရင့်ကြေးစား စစ်သည်များ ဖြစ်ကြသည်အလျောက် ထိုအဖွဲ့တွင် ယခုမှ စတွေ့ကြသည့်လူတွေ ဖြစ်နေကြပေမဲ့ တစ် ယောက်ကိုတစ်ယောက် အခြေခံနားလည်မှုတွေနှင့် ပူးပေါင်းဆောင်ရွက်တတ်ကြသည်။ အချင်းချင်း အကြည့်ချင်းဖလှယ်ရုံနှင့် တစ်ဖက်လူ၏ မျက်ဝန်းထဲမှ အန္တရာယ်ရှိသည့်အချက်ပြမှုလား စိတ်ချရသည့် အချက်ပြမှုလား ဆိုတာကို ဖတ်ရှုတတ်ကြသည်။

ကြီးမားသည့် အနက်ရောင်ဓားကြီး၏ လေးလံမှုအပြင် ဒိုချီစွမ်းအင်ကို ဖိနှိပ်နိုင်သော အစွမ်းကြောင့် ရှောင်ယွင် အတွက် ခရီးသွားရာတွင် အခက်အခဲ ဖြစ်စေသည်။ လမ်းလျှောက်ရာတွင်လည်း မြေကြီးကို နင်းလိုက်တိုင်း မြေသားထဲ နစ်ဝင်သွားတတ်သည်။ ထိုပုံစံကြောင့် ခရီးထွက်လာသည်မှာ မကြာသေးသော်လည်း ရှောင် ယွင်မှာ မောဟိုက်နေကာ ချွေးထွက်နေပြီး ဖြစ်သည်။

ရှောင်ယွင်သည် မျက်နှာက ချွေးတွေကို သုတ်လိုက်ပြီး သူတို့ လိုက်ပါစောင့်ရှောက်လာသော ဆေးပင်တစ် ထောင်အိမ်တော်၏ ဆေးပင်စုဆောင်းသည့်အဖွဲ့ကို ပြန်လှည့်ကြည့်လိုက်သည်။ မျက်လုံးဖြင့် တစ်ချက် ဝေ့ကြည့်လိုက်သည့်အချိန်တွင် အဖွဲ့၏ အလယ်နေရာ တွင် ရှိနေသာ အဖြူရောင်အဝတ်နှင့် မိန်းမပျိုဆီကို ရောက်သွားသည်။ သူမသည် အဖွဲ့ကြားတွင် ရှိနေ သည်ပုံမှာ ကြယ်များ ဝန်းရံခစားနေသည့် လမင်းပမာ ထင်မှတ်ရသည်။

ထိုစဉ် နတ်မိမယ်သမားတော်မလေးဟုလည်း သိကြ သည့် မိန်းမပျိုလေးမှာ ခါးကိုလှည့်၍ အညောင်းဖြေ လိုက်သလို နဖူးတွင် ဆွဲခိုနေသော ချွေးစက်ကိုလည်း သုတ်လိုက်သည်။ လေကို ပင့်သက်ရှိုက်၍ ရှုသွင်းဟန် သူမ၏ ချောမောလှပသည့် မျက်နှာအချိုးအစားတို့ ကြောင့် အလွန်တရာ ချစ်နှစ်သက်ဖွယ်ကောင်းလှသည့် ပန်းချီကားတစ်ခုကို ကြည့်နေရသလို လှပလွန်းနေ၏။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now