Ch 137

855 106 1
                                    

Battle Through The Heavens..137

မူရင်းရေးသူ... Heavenly Silkworm Potato

Chapter...137...ပူးတွဲစစ်ဆင်ရေး

နေမင်းကြီးက ကောင်းကင်၏အထွတ်အထိပ်ကိုရောက်ရှိနေသလိုပဲ
ရှောင်ယွင်က ကြီးမားသောကျောက်တုံးကြီးပေါ်မှာ
မတ်တပ်ရပ်နေသော လှပပြီးတင့်တယ်လွန်းတဲ့
ယွင်ချီကို ကြည့်နေလိုက်သည်။မိုးကုတ်စက်ဝိုင်းဆီမှ
နေမင်း၏အလင်းရောင်က သူမ၏ပုံရိပ်ပေါ်သို့
သွန်းလောင်းနေပြီး ပတ်ဝန်းကျင်အလွှာလေးတွေကလည်း
အလင်းရောင်များဖြာထွက်နေသည့် မြင်ကွင်းမှာ
ခမ်းနားကြီးကျယ်လို့နေသည်။

ဒီအချိန်မှာတော့ ယွင်ချီ၏ ပုံစံက
နီလာခရမ်းတောင်ပံခြင်္သေ့နှင့်တိုက်ပွဲဝင်တဲ့အချိန်တုန်းကလိုပဲ ရှောင်ယွင်၏ အမြင်ကို တင့်တယ်မြင့်မြတ်မှုတွေကိုဖုံးလွမ်းသွားစေသည်။
အေးစက်စက် မာနကြီးပြီးအထက်စီးဆန်သည့် အမူအရာကလည်း အခြားသူတွေကို
အရှက်ရနှိမ့်ကျစေနိုင်သည့်ခံစားချက်ကိုဖြစ်စေနိုင်သည်။

ရှောင်ယွင်က သူမကို ကြည့်နေသည်ဟုခံစားမိရင်
ယွင်ချီတစ်ယောက်နောက်သို့လှည့်၍
ကတ္တရာလိုနက်မှောင်သည့်မျက်လုံးတစ်စုံနှင့်တွေ့ဆုံနိုင်ရန်
ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
သူမ၏အကြည့်ကိုလျင်မြန်စွာလှည့်ပတ်ပြီးနောက်
ြိငီးငွေ့ဖွယ် အသံနှင့် အသိပေးပြောဆိုလိုက်သည်။
"ငါမင်းကို ဒိုရှီအဆင့်စွမ်းအားကို ခဏအသုံးပြုလို့ရအောင်လုပ်ပေးလိုက်မယ်။ငါကလေဓာတ်စွမ်းအင်မှာ ပါရမီပိုကောင်းမွန်တဲ့အတွက်ပဲ
မင်းရဲ့လျင်မြန်မှုက သိသိသာသာတိုးတက်သွားလိမ့်မယ်။
မှော်သားရဲတွေနဲ့ ကြုံတွေ့ခဲ့ရင်တော့မင်းအနေနဲ့
ထွက်ပြေးတာကအကောင်းဆုံးပဲ။
တကယ်လို့တိုက်ခိုက်ခဲ့ရင် မင်းတို့တိုက်လိုက်မှုအသံကိုအခြားသော မှော်သားရဲတွေက ကြားရင်သူတို့ကရောက်ရှိလာမှာပဲ။
အဲ့လိုသာဖြစ်သွားရင် ငါစိုးရိမ်တာကမင်း..."
အဲ့အချက်ရောက်ရင်ပဲ ယွင်ချီက သူမ၏စကားကို
ရပ်တန့်လိုက်ပြီး ခေါင်းကိုလှည့်၍ ရှောင်ယွင်ကိုစိုက်ကြည့်လိုက်သည်။

"အမ်"
မျက်ခွံလေးတွေ မှေးစင်းသွားသည်။
ယွင်ချီက မတော်တဆပြောလိုက်မိသည့်စကားကို
မကြားမိလိုက်သလိုပဲဖြစ်နေပြီး
ခေါင်းလေးကို သာညိမ့်လို့နေသည်။
ရှောင်ယွင်၏ စွဲဆောင်နိုင်သော်မျက်နှာလေးကိုကြည့်မိပြီး
ဘာကြောင့်မှန်းမသိ ယွင်ချီ၏မျက်လုံးနှစ်ခုက စုစည်းမိသွားသည်။
ခဏကြာပြီးနောက် ကျောက်တုံးကြီးပေါ်ကနေ
ခုန်ချလိုက်ပြီး ရှောင်ယွင်၏ အနားကိုရောက်ရှိလာသည်။
"ငါတို့စတင်လို့ရပြီလား?"
ညှင်သာစွာမေးလိုက်သည်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now