ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 25. အဲဒါအတွက် ငါပေးလိုက်မယ်ရှောင်ယွင် သူ့ရဲ့အခန်းဆီကို လူမမြင်အောင် ခိုးကြောင်
ခိုးဝှက်ဖြင့် ပြန်လာခဲ့ပြီး အခန်းထဲရောက်သည်နှင့် ရှိသမျှ
တံခါးတွေကို ပိတ်လိုက်သည်။ ထို့နောက် အခန်းထောင့်ကို
သွားပြီး ဆေးပင်အရွက်နှင့် မွန်းစတားအမြုတေကို ထုတ်
လိုက်သည်။ အခန်းထောင့်ရှိ ဘီရိုအတွင်းမှာ သေချာနေရာ
ချထားလိုက်သည်။ ဆေးရနံ့တွေကို ခပ်ပြင်းပြင်းရှုရှိုက်ပြီး
စိတ်လက်ပေါ့ပါးစွာ ရှုထုတ်လိုက်သည်။လေ့ကျင့်တာကို မပျက်စေလိုသည့်အတွက် ရှောင်ယွင်
ဆေးပင်နှင့်အမြုတေကို ရှစ်လစာ တစ်ခါတည်း ဝယ်ယူလာ
ခဲ့ခြင်းဖြစ်သည်။ ဒီပမာဏနှင့်ဆိုရင် တစ်နှစ်ပတ်လုံး မရပ်
မနား လေ့ကျင့်လို့ ရနိုင်သည်။ရှောင်ယွင် ဘီရိုတံခါးကို ညင်သာစွာ ပုတ်လိုက်ရင်း သမ်း
ဝေလိုက်သည်။ အိပ်ရာဆီကို ပျင်းရိစွာလျှောက်သွားပြီး
ကုတင်ပေါ် ခေါင်းမှေးတင်လိုက်သည်။ ဒီနေ့ လေလံပွဲသွား
ခဲ့သည့်အပြင် ဆေးပင်လိုက်ဝယ်ခဲ့ရသောကြောင့် တော်
တော်လေး ပင်ပန်းသွားစေသည်။" ယွင်အာ... အထဲမှာ ရှိနေလား.. "
ဗလုံးဗထွေး အသံနှင့်အတူ တံခါးကို ခေါက်လိုက်တဲ့အသံပါ
တစ်ဆက်တည်း ကြားလိုက်သည်။အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်၍ ကုတင်ပေါ်ကနေ ကမန်း
ကတန်း ဆင်းလိုက်ပြီး အခန်းတံခါးကို သွားဖွင့်လိုက်သည်။
အခန်းအပြင်ဘက်မှာ ရပ်စောင့်နေတဲ့ ရှောင်ကျန်းကို မြင်
လိုက်ပြီး " အဖေ ဘာကိစ္စရှိလို့လဲ... "" ကိစ္စမရှိဘဲနဲ့ မင်းကို လာတွေ့လို့မရဘူးလား.. ကလေး...
ငါ့ကို ပုန်းနေတာ နှစ်လရှိနေပြီး... "
ရှောင်ယွင်ခေါင်းကို ညင်သာစွာ ပွတ်သပ်ပြီး ပြောလိုက်၏။ရှောင်ကျန်း၏ နွေးထွေးတဲ့အပြုံးကို့ မြင်လိုက်ရတဲ့အခါ
ရှောင်ယွင် စိတ်မကောင်းဖြစ်သွားပြီး ဘာပြောရမှန်း မသိ
တော့ပေ။"" အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး တာဝန်မကင်းဘူးလို့ ထင်နေ
တုန်းပဲလား.. ဟဟ... နာလန်ရိရွမ်က မင်းကို မကြိုက်ဘူး
ဆိုရင် ဒါဟာ သူ့အရှုံးပဲ... ဘာမှ ဝမ်းနည်းစရာမလိုဘူး....
ထူးချွန်တဲ့ ယောင်္ကျားတစ်ယောက်က လူကြီးတန်မဲ့
ကလေးတစ်ယောက်လို လုပ်နေမှာလဲ.. မဟုတ်ဘူးလား
ရှောင်ကျန်းရဲ့သားက ဒုက္ခိတတစ်ယောက် မဟုတ်ဘူးဆို
တာ ငါကောင်းကောင်းသိတယ်... "
ရှောင်ကျန်း ဂုဏ်ယူတဲ့ လေသံဖြင့် ပြောလိုက်သည်။
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Adventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...