Battle Through The Heavens
by Heavenly Silkworm Potato
——————————————
Chapter 19 ရက်စက်တဲ့ လေ့ကျင့်ခန်းမိုးသောက်စအချိန် တောင်ထိပ်၏ပတ်ဝန်းကျင်မှာ
ဆီးနှင်းမြူတွေ ရစ်သိုင်းအုပ်ဆိုင်းလို့ အဝေးကိုပင် မမြင်
ရလောက်အောင် ထူထပ်လှသည်။ လေညှင်းကလေးက
လည်း ခပ်သော့သော့လေး တိုက်ခတ်နေသည်။နာကျင်စွာ
အော်လိုက်တဲ့ လူအသံကိုလည်း တချက်ချက် ကြားရသည်။မြူနှင်းထုရဲ့အနောက်ဘက်က လျှိမြောင်းလေးတခုမှာ
ရှောင်ယွင်ခြေထောက်နှစ်ဖက်လုံး မြေသားထဲ သစ်လုံးစိုက်
ထူထားသကဲ့သို့ နစ်ဝင်နေသည်။ အံကို တင်းတင်းကြိတ်ကာ
ခြေချောင်းကလည်း မြေကြီးကို ကုတ်၍ ကျားကန်ထား၏။
ချွေးစီးကြောင်းတွေ နဖူးကနေ စီးကျနေလျက် ရှိနေသည်။
ဘောင်းဘီတို ဝတ်ဆင်ထားပြီး အင်္ကျီမဝတ်ထားတဲ့
ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဒဏ်ရာဒဏ်ချက်တွေလည်း မြင်
မကောင်းအောင် ရှိနေသည်။ရှောင်ယွင်၏ နောက်ကျောဘက်က ကျောက်တုံးကြီးတ
တုံးပေါ် ရွဲ့လော် ထိုင်လျက်ရှိပြီး ခန္ဓာကိုယ်မှာလည်း ဝိညာဉ်
သဏ္ဌာန်သကဲ့သို့ ဖြစ်နေ၏။ မျက်နှာမှာ တည်ငြိမ်စွာရှိပြီး
နာကျင်မှုကို အံကြိတ်ကာ တောင့်ခံနေတဲ့ ရှောင်ယွင်ကို
စူးစိုက်ကြည့်နေ၏။ ထို့နောက် လက်ဝါးကို အပေါ်ဘက်
အသာအယာ ဝှေ့ယမ်းလိုက်သည်။ဝှေ့ယမ်းလိုက်သည်နှင့် ရွဲ့လော်လက်ဖဝါးပေါ်ထက်
အနီရောင်ဒိုစွမ်းအင် ထွက်ပေါ်လာသည်။ ပြီးနောက်
ကျာပွတ်ကို လွှဲရိုက်သကဲ့သို့ ရှောင်ယွင်ကျောပြင်ဆီကို
ရိုက်ထုတ်လိုက်ရာ ရက်စက်စွာ အရှိန်ပြင်းပြင်းနှင့် ပခုံးပြင်
ထက် ထိမှန်သွားပြီး ရှည်လျားတဲ့ဒဏ်ရာချက်တခု ဖြစ်ပေါ်
သွားသည်။ရှောင်ယွင်၏ နှုတ်ခမ်းမှာ တဆတ်ဆတ်တုန်ခါသွားပြီး
နာကျင်မှုကြောင့် ဖြေသိမ့်မရစွာ သွားကြားထဲနေ လေကို
စုပ်သွင်းပြီး အံကို တင်းတင်းကြိတ်ကာ အောင့်ခံလိုက်၏။
သူ့ပခုံးဟာ ထုံကျင်နေပြီး နာကျင်မှုဟာ နှလုံးသားအထိ
တဆစ်ဆစ် ရိုက်ခတ်လျက်ရှိသည်။ ကြမ်းတမ်းတဲ့နာကျင်
မှုကြောင့် သူ့ခြေထောက်ဟာ ပျော့ခွေမတတ်ဖြစ်ကာ ယိုင်
လဲလုနီးပါး ဖြစ်နေ၏။
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Adventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...