Chapter 113

781 102 2
                                    

အပိုင်း ( ၁၁၃ ) - ဂူ

ချောက်ကမ်းပါးအောက်ခြေကနေ ရုတ်တရက် ထွက် ပေါ်လာသော ချောမောလှပသည့် မျက်နှာလေးကို ငေးကြည့်ရင်း ရှောင်ယွင် အထိတ်တလန့် ဖြစ်သွားမိ သည်။ သို့သော် အနီးကပ်တွေ့၍ ကြည့်လိုက်ပြီး ထိုမိန်းမပျိုမှာ ဆေးပင်စုဆောင်းသည့် အဖွဲ့က နတ်မိမယ်သမားတော်မလေး ဖြစ်နေမှန်း သိလိုက် သည့်အခါတွင် ရှောင်ယွင် အလျင်အမြန်ပဲ ပြန်တည် ငြိမ်သွားသည်။

ချောက်ကမ်းပါးတွင် အကြည့်နှစ်ခုက တစ်ယောက်ကို တစ်ယောက် အကြည့်ချင်းဆုံလျက်.. ထူးဆန်းလှသော မြင်ကွင်းတစ်ခုပေ။

ငါ့ကို အပေါ်ဆွဲတင်လို့ ရမလား..

တစ်ယောက်ကိုတစ်ယောက် အချိန်တော်ကြာ ငေးကြည့် နေပြီးမှ နတ်မိမယ်သမားတော်မလေးကပဲ စတင်၍ ညင်သာသော သူမ၏ အသံဖြင့် အနေခက်စရာ အခြေ အနေကို ပြန်ထိန်းလိုက်သည်။

ရှောင်ယွင်မှာ မျက်တောင်ကို ခတ်လိုက်ပြီး ဘာမှမဖြစ် သွားသည့်အလား ခေါင်းကိုညိတ်လိုက်သည်။ နတ်မိမယ် သမားတော်မလေး၏ လက်ကို ဖမ်းဆွဲ၍ အားစိုက်ပြီး သူမကို ချောက်အောက်ကနေ ဆွဲတင်လိုက်သည်။ လေထဲတွင် သူမ၏ ခန္ဓာကိုယ်က ကောက်ကြောင်းများ ထင်းခနဲ ရှင်းခနဲ ပေါ်လွင်သွားကာ ချောက်ကမ်းပါး အစွန်းထက် ပေါ့ပါးစွာ ကျသွားခဲ့သည်။

ကျေးဇူးတင်ပါတယ်..

သူမခြေထောက်က မြေပြင်ပေါ်ရောက်သည်နှင့် နတ်မိမယ်သမားတော်က ကျေးဇူးတင်စကား ဆိုလိုက် ပြီး ရှောင်ယွင်လက်ကို သွက်လက်စွာ လွှတ်ချလိုက် သည်။ ချောက်ကမ်းပါးဘက်ကို တစ်ချက် ခိုးကြည့်လိုက် ပြီးနောက် နဖူးက ဆံနွယ်ကိုလည်း သပ်ဖယ်လိုက်သည်။

ရှောင်ယွင်ကို သေချာ ပြန်ကြည့်လိုက်ပြီးနောက် နူးညံ့စွာ ပြောလိုက်သည်။

နင်က ဆေးတစ်ထောင်အိမ်တော်က ငှားရမ်းထားတဲ့ ကြေးစားစစ်သည်တွေထဲက တစ်ယောက် မဟုတ်လား

ဟုတ်တယ်..

ရှောင်ယွင်မှာ လက်ထဲတွင် ထိတွေ့လိုက်ရသော နူးညံ့မှု ကို သဘောကျသွားပြီးနောက် ပြုံးပြီး ခေါင်းညိတ်လိုက် သည်။ ထို့နောက်တွင် ချောက်ကမ်းပါးကို ကျော်လွန်၍ အောက်ခြေတွင် တည်ရှိနေသော အစိမ်းရောင်တောင် များကို ကြည့်နေလိုက်သည်။ ထိုမိန်းကလေးက အရမ်း မလှပသော်ငြားလည်း သူမ၏ ညင်သာနူးညံ့သည့် အပြုအမူက တစ်ဖက်လူ၏ နှလုံးသားကို ဆွဲလှုပ်နိုင်စွမ်း ရှိသည်။ တခြားအချိန်မှာသာ ကြုံဆုံခဲ့မိရင် ရှောင်ယွင် မှာ သူမအား စနောက်နေမိလိမ့်မည်။ သို့သော် သူ့၏ တင်းကျပ်သည့် လေ့ကျင့်ချိန်ကာလတွင် ဒါကို များစွာ စိတ်ဝင်စားမှု မရှိချေ။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now