အပိုင်း ( ၈၉ ) - မှောင်မိုက်၍ လေပြင်းသောည
ညကောင်ကင်ယံထက်တွင် ငွေလကြီးက အမြင့်မှာ နေရာယူထား သည်။ လရောင်မှိန်မှိန်က သတ္တလောကတခွင်အား လွှမ်းခြုံထား၍ ငွေရည်ဆမ်းထားသည် မြေပြင်လွှာမှာ တစ်မျိုးတဖုံ ကြည့်လို့် ကောင်းလှသည်။
နေ့ပိုင်းတွင် ဆူဆူညံညံ အသက်ဝင်လွန်းသော ဝူတန်မြို့သည် ညတွင်အခါမှာတော့ တိတ်ဆိတ်မဲမှောင်လို့ နေသည်။ တချို့ချို့သော အိမ်တွေမှာသာ ညအလုပ်လုပ်သူတို့၏ လှုပ်ရှားမှု အသံများက တစ်ချက်ချက် ထွက်ပေါ်လာတတ်သည်။
ရှောင်ကလန်၏ အနောက်ဘက်အိမ်ခန်းတစ်ခုတွင် လူငယ်တစ် ယောက်သည် အိပ်ရာထက်တွင် လှဲနေလျက်ရှိသည်။ လူငယ်၏ မျက်လုံးသည် ညဥ့်နက်ကောင်းကင်ယံလို နက်မှောင်နေသလို အေးစက်စက်ငြိမ်သက်ခြင်းကလည်း ဖုံးလွှမ်းလို့နေသည်။
" ဆရာ.. အခုအခြေအနေမှာ ဆရာရဲ့ခွန်းအားက ဘယ်အဆင့်မှာ ရှိနေမလဲ..? "
အချိန်အတော်ကြာအထိ တိတ်ဆိတ်နေပြီးမှ ရှောင်ယွင် အသံ တိုးဖျော့စွာ မေးလိုက်သည်။
" ဘာဖြစ်လို့လဲ.. "
သူဝတ်ဆင်ထားသော လက်စွပ်ကနေ ရုတ်ချည်း မေးခွန်းပြန်ထုတ် လိုက်သည်။ ခဏအကြာမှာ ရွဲ့လော် တိတိကျကျ မပြောဘဲ ဖြေလိုက်သည်။
" အခုလောလောဆယ်.. ငါက ဝိညာဉ်ပုံဏ္ဍာန် ဖြစ်နေပေမဲ့ ငါ့ရဲ့ ကောင်းကင်ဘုံမီးတောက်ကို သုံးလိုက်ရင် ဒဒိုရှီအဆင့်နဲ့ ဒိုလင် အဆင့်တို့လောက်ကတော့ အေးအေးဆေးဆေးကို နှိပ်ကွပ်လိုက်လို့ ရတယ်.. "
ရှောင်ယွင် အနည်းငယ် ပျော်ရွှင်သွားသည်။ သို့သော် သူ့မျက်လုံးက အေးစက်နေဆဲပင်။
" ဘာလဲ.. နေ့လယ်တုန်းက ဟိုကောင်ကို သတ်ချင်လို့လား.. "
ထူးဆန်းနေသလိုလို ရှိလှသော ရှောင်ယွင်၏ အပြုအမူကြောင့် ရွဲ့လော် အံသြစွာ မေးလိုက်မိသည်။
" ဂျားလီယောင်က ထည့်တွက်ရမဲ့အဆင့် မဟုတ်ပါဘူး.. "
ရှောင်ယွင်က ပြုံးလိုက်သည်။ ပြီးနောက် လေသံတိုးတိုးဖြင့်
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Adventureကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...