Ch129

1K 170 3
                                    

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
အပိုင်း (၁၂၉)
===================================
ယိမ်းထိုးနေသော ခန္ဓာကိုယ်ကို အနိုင်နိုင်ထိန်းရင်း ရှောင်ယွင် မှာ အသည်းတအေးအေးဖြင့် ဆယ်မီတာအကျယ်ရှိသည့် ချောက်ကြီး  ကို ဖြတ်ပျံသည်။ တစ်ဖက်ကမ်းသို့ ရောက်သည့်အခါတွင် မြေပြင် ဆီသို့ မဆင်းသက်လိုက်နိုင်ခင်မှာပဲ သူ့မှာ ဒိုချီစွမ်းအင်များ ကုန်ခမ်း သွားကာ နောက်ကျောပြင်က စွန်ရဲတောင်ပံသည်လည်း အလျင် အမြန် ပြန်ဝင်သွားသည်။

လေထဲမှာ ရှိနေဆဲသော ရှောင်ယွင်သည် အသည်းအေးသွားကာ  ကြောက်လန့်တကြား အော်ဟစ်ရင် အောက်သို့ တည့်တည့် ကျ လာသည်။ ကံကောင်းထောက်မစွာဖြင့် နူးညံ့သော မြက်ခင်းပြင် ဖြစ်၍ တော်သေးသည်။

ရှောင်ယွင်မှာ ခန္ဓာကိုယ်ကလည်း စွမ်းအင်များက ဂိတ်ဆုံး ရောက် နေသည့်အပြင် ပြုတ်ကျလာသည့် ဒဏ်ကြောင့် အမြင်အာရုံက မှောင်မိုက်သွားပြီ သတိလစ် မေ့မြောသွားလေသည်။

ရှောင်ယွင် သတိလစ်သွားသည့်အခါတွင် ရွဲ့လော်က လက်စွပ်ကနေ ထွက်ပေါ်လာသည်။ တော်တော်လေး စုတ်ပြတ် အခြေအနေဆိုးနေ သည့် ရှောင်ယွင်ကို ကြည့်ပြီ ရွဲ့လော် စိတ်မသက်မသာဖြင့် ခေါင်းခါ ယမ်းလိုက်သည်။ ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် ရှောင်ယွင်ကို တွဲ ထူကာ မှော်သားရဲကောင်တောင်တန်းကြီး၏ အနက်ရှိုင်းဆုံးနေရာ သို့ တဖြည်းဖြည်း လျှောက်သွားလေသည်။

“ ဒီအဆင့် သိုင်းပညာရပ်တစ်ရပ်ကို အတင်းအဓမ္မ အသုံးပြုရတယ် လို့ကွာ.. တကယ့်ကို အဆင်အခြင်မဲ့တဲ့ ကောင်ပဲ.. ”

ရှောင်ယွင်မှာ ထိုကဲ့သို့ အမှောင်ထုထဲ အိပ်ပျော်နေသည့်အခိုက် တွင် သူသည် သူ့ခန္ဓာကိုယ်က အေးစက်သည့် အရည်တစ်ခုခုတွင် ပျော်ဝင်နေသလို မှုန်ဝါးဝါး ခံစားရသည်။ ညင်သာပြီး နူးညံ့သည့် ရေနွေးငွေ့များ သူ့ကိုယ်ထဲကို ငြိမ့်ငြိမ့်ညောင်းညောင်း စီးဆင်းနေ သည်။ ထိုစွမ်းအင်များက တဖြည်းဖြည်းဖြင့် သူ တရားလွန် အသုံး ပြုလိုက်သော ဒိုချီစွမ်းအင်များကြောင့် ဒဏ်ဖြစ်သွားသော ချီလမ်း ကြောင်းများကို ကုသပေးနေသည်။

ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းWhere stories live. Discover now