Battle Through The Heavens
by Heavenly Silkworm Potato
——————————————Chapter 4. တိမ်မြူဂိုဏ်း
ခန်းမဆောင်ထဲမှာ ရှောင်းကျန်း၊ အကြီးအကဲသုံး
ယောက်တို့သည် သူစိမ်းလူကြီးနှင့်
စိတ်ပါဝင်စားစွာ စကားပြောဆိုနေသည်။
ထိုလူကြီး ကိုကြည့်ရတာ အရေးကြီးကိစ္စတခု
ရှိဟန်တူသည်။ ပြောတော့ဟန်လုပ်လိုက် ပြန်
မျိုသိပ်လိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်နှင့်။
ဘေးနားက ကလေးမလေးကလည်း မသိမသာ
အကြည့်ဖြင့် တွန်းအားပေးနေသည်။လူကြီးစကားပြောနေတာကို နားထောင်ရင်း ရှောင်
ယွင် ပျင်းရိလာသည်။ ခေါင်းကလည်း တဖြည်းဖြည်း
ငုံ့လာသည်။" အကိုရှောင်ယွင် သူတို့ကဘယ်သူတွေလဲဆိုတာ
သိလား "
ငြီငွေ့ရာကနေ အိပ်ပျော်လုဆဲဆဲ ဖြစ်နေတဲ့ ရှောင်
ယွင်ကို ရှင်းအာ မေးလိုက်ပြီး သူမ၏ရှေ့ဟောင်း
စာအုပ်ကိုဖွင့်လိုက်သည်။" နင် သိနေလား... "
ရှင်းအာ ကိုထူးဆန်းစွာ ကြည့်လိုက်၏။" ဟိုမှာမြင်လား အင်္ကျီလက်တန်းပေါ်မှာ ငွေဓားနဲ့
တိမ် အမှတ်အသားကို တွေ့လား.. "
ရှင်းအား မပွင့်တပွင့်အပြုံးလေးနဲ့ ပြောလိုက်သည်။ဟင်? ရှောင်ယွင် သေချာပြန်ကြည့်လိုက်သည်။
သူတို့သုံးယောက်၏အင်္ကျီလက်တန်းပေါ်မှာ တိမ်ပုံနှင့်
လင်းလက်နေတဲ့ဓားတလက် အမှတ်အသားကို ချည်
ထိုးထားသည်ကို ကောင်းကောင်းမြင်လိုက်ရသည်။" သူတို့က တိမ်မြူဂိုဏ်းကလား... ?!"
ရှောင်ယွင် စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။အပြင်လောကဘက်ကို မထွက်ဖူးပေမဲ့ စာအုပ်တွေ
ဖတ်ထားသောကြောင့် တိမ်မြူဂိုဏ်အကြောင်းသိထား
သည်။ ရှောင်ယွင်တို့ နေထိုင်သည့် ဝူတန်မြို့ဆိုတာ
ဂျားမာအင်ပါယာရဲ့ နယ်ပယ်တခုသာ ဖြစ်သည်။
မြို့ကြီးထဲက တမြို့လို့ဆိုနိုင်ပေမဲ့ အင်ပါယာနှင့်ယှဉ်ရင်
သေးငယ်နေပါသေးသည်။ ပြီးတော့ မြို့အနောက်မှာ
လည်း မှော်မွန်းစတားတောင်တန်းကြီး လည်း
ရှိသည်။ ( မွန်းစတား= သတ္တဝါဆန်း )ဒီမြို့ထဲမှာဆိုရင်တော့ ရှောင်မျိုးနွယ်အုပ်စုက
အကြီးဆုံးပါပဲ။ နောက်ထပ် ပြိုင်ဘက် မျိုးနွယ်အုပ်စု
နှစ်စု ရှိသေးသည်။ ဒါပေမဲ့ ၂၄ နှစ်တိုင်အောင်
ပရိပက္ခဖြစ်ပြီး သွေးချောင်းစီးခဲ့ပြီးနောက်
ရှောင်မျိုးနွယ်အုပ်စုကို အာမခံရဲတော့ပါဘူး။
YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Dobrodružnéကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...