အပိုင်း ( ၉၅ ) - ဂျားလီကလန်၏ ငွေရေးကြေးရေးအခြေအနေ
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Battle Through The Heavens
နေ့ရက်တွေ တဖြည်းတဖြည်း ဖြတ်သန်းသွားခဲ့သည်။ ထို့တူ ဂျားလီ ကလန်တို့ ဈေးဆိုင်နေရာမှာ ရောင်းချနေသော အနက်ကျတ်ဆေးတွေ လည်း တဖြည်းဖြည်း ယုတ်လျော့ကုန်ဆုံးလာခဲ့ကြသည်။ ပြီးခဲ့ရက်ကပဲ နောက်ဆုံး ဆေးပုလင်း ရောင်းထွက်သွားခဲ့သည်။ ဆေးရောင်းချဖို့ အတွက် တာဝန်ယူထားရသော ဂျားလီကလန်က အရောင်းသမားများ ဟာ အပြင်မှာ တိုးဝှေ့နေသော ကြေးစားအမဲလိုက်သူတွေအား စိတ်မလုံစွာဖြင့်သာ ပြုံးရယ်ပြကြရင်း
" တောင်းပန်ပါတယ်ခင်ဗျ.. ပစ္စည်းပြတ်လပ်သွားလို့ ကျွန်တော်တို့ ဆိုင်တန်းတွေ ယာယီပိတ်ထားပါမယ်ခင်ဗျ.. "
နေရာကောင်းရထားဖို့အတွက် အပြင်တွင် တိုးလုနေကြေသော ကြေးစားအမဲလိုက်သူတွေဟာ ထိုစကားကို ကြား၍ တိတ်ဆိတ်သွား ကြသည်။ အရောင်းသမားတွေကိုလည်း စိန်းစိန်းဝါးဝါး ကြည့်ပြီး ဒေါသတကြီးဖြင့် စတင် ဆူပူကြိမ်းမောင်းကြလေသည်။
တိုးဝှေ့နေသော လူအုပ်လည်း လူစုကွဲသွားခဲ့သလို တချို့သော ရိုင်းစိုင်းသည့် ဆေးလာဝယ်သူတွေက အရောင်းသမားတွေအား ဆဲဆိုတိုင်းထွာကြသည်။
ဂျားလီကလန်၏ အနာကျတ်ဆေးရောင်းချခြင်းအား ရပ်နားလိုက်သည့် သတင်းသည် တစ်နာရီပင် မပြည့်လိုက်.. ဝူတန်မြို့တစ်ခုလုံးအား ပျံ့နှံ့ သွားတော့သည်။ သတင်းကြားလိုက်ရသည်နှင့် အားလုံးက အံ့သြသွား ကြသလို တချို့ကလည်း ဝမ်းသာကြသည်။ တချို့က ဝမ်းနည်းပြီး တချို့ အသက်ပြင်းချကြသည်။
အနာကျတ်ဆေးအထောက်အပံ့မရ၍ ဂျားလီကလန်သည် ရှောင်ကလန်နှင့် ဆေးတိုက်ပွဲမှာ လုံးဝရှုံးနိမ့်သွားခဲ့လေပြီး။ စိတ်ပျက် စရာကောင်းသော ရှုံးနိမ့်ခြင်းကြောင့် ဂျားလီကလန်သည် များစွာ ထိခိုက်နစ်နာခဲ့ရပြီး ဝူတန်မြို့တွင် သူတို့၏ သြဇာသက်ရောက် မှုသည်လည်း အရင်တချိန်က တောက်ပခဲ့သလိုမျိုး ပြန်ရနိုင်ဖွယ် မရှိနိုင်တော့ဟု ထင်ရလေသည်။

YOU ARE READING
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း
Avventuraကုန်းမြေဒေသတခု မှော်ပညာတွေလည်း မရှိပါဘူး.. အင်အားကြီးသူသာ အုပ်ချုပ်ရပြီး အင်အားငယ်သူတွေလိုက်နာရ၏။ ရတနာအမျိုးမျိုးနှင့် ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးများ ပြည့်နှက်နေတဲ့ ကုန်းမြေ.. ကြိုမသိနိုင်တဲ့ အန္တရယ်အထွေ အထွေ.. .. လွန်ခဲ့သော သုံးနှစ် ရှောင်ယွင် ရာ...