DB-93(အိမ်ရှေ့စံမိဖုရားလောင်း-၄)

4.8K 1K 47
                                    

အိမ်ရှေ့စံ မိဖုရားလောင်း-၄

" ကျွတ်စ် ကျွတ်စ် ဒီကလေးနှယ် ... "

မှန်ပြောင်းကြီး ကိုင်ထားသော ဘတ်ဟျွန်းကို ဝမ်ယောလ် မတက်သာစွာ ထိုင်ကြည့်နေရသည်။ ဘတ်ဟျွန်းမှာ သားတော်မောင်၏ လက်ဖက်ရည် ဆက်သပွဲ အခြေအနေကို စပ်စပ်စုစုဖြင့်  အဝေးကနေ ထောက်လှမ်းနေတာ ဖြစ်သည်။

" ဝမ်အွန်း ... လာထိုင်ပါဦး "

အခေါ်တော်ရှိသော်လည်း ဝမ်အွန်းမှာ သူ၏ သားအတွက် ရတက်မအေးစွာသာ ကြည့်နေဆဲ။

" မောင်ပြုံးချိုလေးက ဘာကြောင့်များ မျက်နှာတည်ကြီးနဲ့လဲ မသိပါဘူး။ "

ဝမ်ယောလ်က ဆိုပါ၏။

" သူ့စိတ်ထဲ အဆင်သင့်မဖြစ်သေးဘူး ထင်ပါတယ်။ ကိုယ်တော်ကလည်း သူငယ်သေးတာကို သိပေမဲ့ အိမ်ရှေ့စံ အတွက်ဆိုရင်တော့ ငယ်လည်း မရတော့ဘူးလေ ။ "

ဘတ်ဟျွန်းမှာ မှန်ဘီလူးကြီးကို စားပွဲပေါ်ချပြီး ထိုင်ခုံပေါ် စိတ်ပျက်လက်ပျက် ထိုင်ချလာသည်။ ဝမ်ယောလ်က ဘတ်ဟျွန်း အတွက် စံပယ်လက်ဖက်ရည်လေး ငှဲ့ပေးလာသည်။ ဒီရက်တွေထဲ ဘတ်ဟျွန်းမှာ သူ့သားတော်ကြီးအပေါ် အပြည့်အဝ စိတ်နှစ် ထားပုံရသည်။

သားသမီးအားလုံးကို တန်းတူ ချစ်ရပေမဲ့ ဘတ်ဟျွန်းအတွက် ဝမ်ဂျွန်က အချစ်ရဆုံး အားကိုးရဆုံး သားကြီးဖြစ်ကြောင်း ဝမ်ယောလ် သေချာ သိသည်။ ထုတ်သာ မပြောပေမဲ့ ဝမ်ဂျွန် အကြောင်းဆိုလျှင် ဘတ်ဟျွန်း ပျာယာခတ်နေတက်သည်။

ဂျွန်နှင့် ငယ်စဉ်တည်းက ကောင်း၊ ဆိုး အတူဖြတ်သန်း လာရသည့်အတွက် သံယောဇဉ် ပိုသည်မှာတော့ ပြောစရာ မလို။ ထိုနည်းတူ ဝမ်ယောလ်ကလည်း အတူမရှိပေးနိုင်ခဲ့သည့် ကာလတွေအတွက် ပေးဆပ်မူသည် ဝမ်ဂျွန် လိုအပ်သမျှ အရာရာသာ ဖြစ်သည်။

" ကျွန်တော် စိတ်လျော့လိုက်တာပဲ ကောင်းပါတယ်။ ကံကြမ္မာ သတ်မှတ်တာပဲ လက်ခံလိုက်ရုံပေါ့ ။ နောက်မှ သူသဘောကျ ယူလိုက်လဲ ကိစ္စမရှိပါဘူး။ ဘယ်သူမှ ပထမဆုံး မင်္ဂလာပွဲက ဖူးစာမှန်၊ မေတ္တာမှန်လို့ မပြောနိုင်ဘူးလေ "

" ဂျွန်လေးက ထက်မြက်ပါတယ်။ ဘယ်ဟာက လုပ်သင့်တယ်၊ မလုပ်သင့်ဘူး ဆုံးဖြတ်လိမ့်မယ် ။ မယ်တော်ကြီးကတောင် ဂျွန်လေး စိတ်တိုင်းကျ လူ ပါပါစေလို့ပဲ ဆုတောင်းနေတာ "

Dragon's Blade   [ Season-2 ] Where stories live. Discover now