DB-45

22.6K 2.1K 104
                                    


{ Both Unicode and Zawgyi Ver }

" မင်းကြီးကြွချီ လာပါတယ်.. ကြင်ယာတော်လေး "

တံခါးချပ်များ ဖွင့်သံတွေနဲ့အတူ တစ်ယောက်သော မင်းကြီးဟာ သေချာထုတ်ပိုးထားတဲ့ ပေလိတ်အနီကို ကိုင်ဆောင်လျက် ဝင်လာခဲ့သည်။

" အရှင်.. ညစာသုံးဆောင်တော့မလား "

လုံးတစ်နေသည့် ကလေးတစ်ယောက်ကို ပွေ့ချီထားသော ကြင်ယာတော်သည် သူ့ကို ပြုံးလျက် မေးလာသည်။

" ကိုယ်တော် မဆာသေးပါဘူး.. "

ဝမ်ယောလ် အသံကြားတာနှင့် ဘတ်ဟျွန်း ကိုယ်ပေါ်မှ ကလေးသည် အဲကနဲ အသံပြုကာ ခေါင်းထောင်လာ၏။ ‌ရွှေဝါရောင် ဝတ်စုံနဲ့ ဝမ်ယောလ်ကို မြင်တော့ လက်ကလေး နှစ်ဖက်မြှောက်ပြကာ သူ့ကို ချီခိုင်းလေသည်။

" သြော်... ရှင်းလေးက ခမည်းတော်ဆီ လာချင်လို့လား "

ဘတ်ဟျွန်းလက်ထဲမှ ကလေးကို လက်ပြောင်းယူ၍ ပွေ့ချီပေးလိုက်သည်။ တစ်နေ့တစ်နေ့ စားသောက်ပြီး အိပ်ရုံသာ လုပ်နိင်သော သားနှစ်ယောက်သည် တစ်ဖြေးဖြေး အလေးချိန် တိုးလာပြီ ဖြစ်သည်။

လက်ထဲမှ ပေလွှာကို ဘတ်ဟျွန်းဆီသို့ လှမ်းပေးလိုက်ရင်း

" နောက်တစ်ပတ် မွေးနေ့ ပွဲကျရင် ဂျွန်လေးတို့ လာလိမ့်မယ် တဲ့... "

" ဟုတ်လား.. ဒါ ဂျွန်လေး ပေးတဲ့စာလား"

ဘတ်ဟျွန်းသည် ပေလွှာနီအား ဖွင့်ဖတ်တော့သည်။ စိတ်လှုပ်ရှားစွာဖြင့် ဖတ်နေသော ဘတ်ဟျွန်းသည် တစ်ချက်ချက်၌ အသံထွက်၍ပင် ရယ်မောနေသည်။

ဝမ်ယောလ်သည် ထိုင်ခုံပေါ်ထိုင်၍ ကလေးကို မြှူသလိုလို ပြောလာသည်။

" ကြည့်စမ်း... မင်းတို့ဖေဖေက မင်းတို့ကို မချစ်တော့ပဲ သူ့သားကြီးကိုပဲ ချစ်တော့မယ်တဲ့ "

"$%^%$++!+÷^"

ဗလုံးဗထွေး ပြောသံနှင့်အတူ လက်ဖဝါးဖောင်းဖောင်းသည် ဝမ်ယောလ်နဖူးကို လှမ်းရိုက်နေသည်။

ရှင်းလေး၏ နှုတ်ခမ်းရဲရဲသည် ပွစိပွစိဖြင့် ငြင်းခုန်နေသဖွယ် လက်တွေကဖြင့် ရန်လိုနေသဖွယ်ပင်။

Dragon's Blade   [ Season-2 ] Donde viven las historias. Descúbrelo ahora