အိမ်ရှေ့စံမိဖုရားလောင်း-၁
တောင်ပိုင်းအင်ပါယာကြီးသည် တစ်နှစ်အတွင်း မည်သည့် စစ်မက် ရေးရာမှ မဖြစ်စေပဲ ငြိမ်းချမ်းလျက်ရှိသည်။ နန်းတွင်းရေး မှာလည်း တည်ငြိမ်လျက်။ အိမ်ရှေ့စံ၏ အုပ်ချုပ်မူအတွင်း အရာရာဟာ လိုက်ရောညီထွေစွာ ရှိနေသည်။
ဧကရာဇ်ကြီးက အိမ်ရှေ့စံကို အာဏာအကုန်ပေး အကုန်လိုက်လျော ထားကြမှန်း လူတိုင်းအသိပေမို့ ဝမ်ဂျွန် ဆိုသည်မှာ အနာဂတ်၏ ဧကရာဇ် အလောင်းအလျာဖြစ်မှာ မုချဟု သတ်မှတ်ထားကြသည်။ တစ်ချို့မှာတော့ နန်းပြိုင်မင်းသားများ ဖြစ်လာကြမည့် မင်းသားနှစ်ပါးရှိသေးသည်ဟု တွေးကြကာ ဧကရာဇ်၏ ပုလ္လင်မှာ အပြောင်းအလဲ ရှိနိုင်ကြောင်း ခန့်မှန်းနေကြသည်။
မင်းသမီးငယ်လေး ဗြော၏ စေ့စပ်ပွဲအပြီး တစ်နှစ်မျှ အကြာတွင် အိမ်ရှေ့စံ၏ မိဖုရားတော်ကောက်ပွဲက စတင်လို့လာသည်။ အနယ်နယ် အရပ်ရပ်သို့ ကိုယ်စားလှယ် များနဲ့အတူ လွှတ်လိုက်သော ဖဲကြိုးနီလေး တွေသည်လည်း သက်ဆိုင်ရာ မိန်းမပျို ကိုယ်စီကို ရှာဖွေခဲ့ပြီးလေပြီ။
နောက်တစ်ပတ်တွင်ပဲ တောင်ပိုင်းအင်ပါယာ၏ နန်းတွင်းထဲ အကြီးမားဆုံးသော ပွဲကြီးတစ်ခုကိုကျင်းပ တော့မည်ပင်။ နယ်ပေါင်းစုံ၊ နိုင်ငံပေါင်းစုံက ရောက်လာသော မင်းသမီးငယ်တွေသည် ဟန်ယန်းနေပြည်တော်သို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဆိုက်ရောက်လာတော့သည်။
မင်းသမီးငယ်တွေက နန်းတွင်းသို့ မဝင်ခင် မြို့ကြီးထဲ အနားယူ လှည့်လည်ဖို့ အချိန် ရကြသေးသည်။ နန်းတော်ထဲတွင် စည်းကမ်း တင်းကြပ်စွာ နေရမည့် အလျောက် တစ်ရက်၊ နှစ်ရက်တာတော့ မြို့တွင်းမှာ လွတ်လပ်စွာ နေကြသည်။ ဟန်ယန်းမြို့၏ မြင့်မားသော စားသောက်ဆိုင်တွေ၊ ရှားပါးလှသော အထည်တွေရှိသည့် ဆိုင်တန်းကြီးတွေ၊ ပြောမကုန်လှစွာသော တိုးတက် စည်ကားမူတွေကို အံသြတစ်ကြီး လေ့လာ လို့ရသေးသည်။
ဝမ်ယောလ်မှာတော့ အလုပ်များ လက်တလော ပါးနေသည့်အတွက် မြှားပစ်လေ့ကျင့်ကွင်းတွင် အချိန်ဖြုန်း နေရလေသည်။ ယခုချိန်တွင် မိဖုရားလောင်း ပြိုင်ပွဲကျင်းပရန် သူ၏ ကြင်ယာတော် ဝမ်အွန်းသာမက သမီးငယ်လေးရော ၊ မယ်မယ်ကြီးပါ မအားမလပ် ဖြစ်နေကြတာမို့ သူတစ်ဦးတည်း အချိန်ဖြုန်းနေရသည်။
STAI LEGGENDO
Dragon's Blade [ Season-2 ]
Narrativa StoricaWarning .. Mperg Covered by @LenCo graphic Shop