ဝမ်ယောလ် ....ဝမ်ယုံး မင်းကြီးရဲ့ တတိယမြောက်သားတော်
ဖြစ်ပြီး နတ်နဂါးမျိုးနွယ်မှ ဝင်စားသည့်
မင်းသားတစ်ဦးဖြစ်သလို မင်းသား ၅ ဦးမှာ
နဂါးအမှတ်အသား အပြည့်အစုံနဲ့ မွေးဖွား
လာသူ တစ်ဦးလည်း ဖြစ်သည်။နှစ်ပေါင်းများစွာ သက်တမ်းရှိခဲ့တဲ့ ဒဏ္ဌာရီလာ
နတ်နဂါးလက်နက် နှစ်ခုကို ဝမ်ယောလ်မင်းသား
အသက်၁၀ နှစ်တည်းက ကိုင်ဆောင်နိုင်ခဲ့သည်။ကြာပွတ်ဖြူ နဲ့ နဂါးတောင်ပံဓားတို့ဖြစ်သည်။
ခေတ်အဆက်ဆက် ၊ မင်းအဆက်ဆက်
လက်နက်နှစ်ခုကို ကိုင်ဆောင်ဖို့ ကြိုးပမ်း
ခဲ့ပေမဲ့ ဝမ်ယောလ်သာ အသုံးပြုနိုင်ခဲ့သည်။Chanyeol ကြာပွတ်ဖြူကို ကိုင်ရင်း
ဟိုဘက် ၊ ဒီဘက်ရမ်းကာ လွှဲနေလိုက်သည်။တရွှတ်ရွှတ်နဲ့ မြည်နေတဲ့ ကြာပွတ်ရိုက်သံက
မလှမ်းမကမ်းမှာရှိနေတဲ့ မြို့စားမင်းအိမ်ရဲ့
သမီးတော်တွေကို ဆွဲဆောင်နေသယောင်။Chanyeol သစ်တုံးပေါ်မှာ ထိုင်ရင်း ကြာပွတ်ဖြူ
ကို ရည်ရွယ်ချက် မရှိဘဲ ဟိုသည် လွှဲရမ်းနေတုန်း ..တစ်ခါမှ ပုံရိပ်ဖြူလေးကို အပြင်မှာမတွေ့ခဲ့ဖူးပေမဲ့
ဟွမ်ယွိမြို့လေးကိုရောက်မှ မကြာခဏဆိုသလို
တွေ့နေရသည် ။ တွေ့တိုင်းလည်း အမြဲရှောင်ပုန်း
ပြေးလွှားနေခဲ့သည် ။တစ်ကယ်လို့ ဟိုကောင်လေးသာ သူ့ကိုဝင်မနှောက်
ခဲ့ရင် သူပုံရိပ်လေးကို နီးနီးကပ်ကပ် တွေ့နိုင်တဲ့
အခြေအနေမှာ ။ သမားတော် ကင် ရဲ့ညီကပဲ
ထူးဆန်းတာလား။" အကိုတော်...."
" ......."
ChanyeoL လှည့်ကြည့်လာပေမဲ့ ပြန်မဖြေ။
" အကိုတော် ရိုက်နေတာ ဘေးက ပန်းပင်တွေ
သေကုန်ပြီ "ကြာပွတ်ရဲ့ရိုက်ချက်ကြောင့် ဘေးက အလှစိုက်
ထားတဲ့ ပန်းပင်တွေ တစ်စစီ ဖြစ်နေသည် ။
ဒါ Chanyeol တမင် အားထည့်ပြီး ရိုက်
နေတာမဟုတ်ပေမဲ့ နုနယ်လွန်းတဲ့ ပန်းပင်လေး
တွေက တစ်စစီကျိုးပဲ့နေပြီ။
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop