DB-29

27.7K 2.1K 81
                                    

နောက်လိုက်အခြွေအရံတို့ တစ်သီတစ်တန်းကြီးသည် တောက်ပသော အဆောင်တော်ကြီးရှေ့တွင် ရပ်တန့် လိုက်ကြလေသည်၊၊ ရှေ့ဆုံးမှ ရွှေထီးဆောင်းသော မင်းတရားဧကရာဇ် ကြီးသည် အဆောင်တော်ထဲသို့ ခပ်သုတ်သုတ်ဆိုသလို ကြွချီသွားတော့သည်၊၊

အခန်းတွင်း၏ ထောင့်တစ်နေရာတွင် ကြည့်ရှုစောင့်ကြပ် နေသော ဆူးကို မြင်သည်နှင့် သူ၏ကြင်သူသက်ထား အဘယ်မှာနည်းဟု အရင်မေးမိသည်၊၊

" စာကြည့်ဆောင်အတွင်းမှာပါ "

ဆိုသည်နှင့် စာကြည့်ဆောင်အတွင်းသို့ ဝင်မိတော့သည်၊၊

အေးစက်သည့် ကြမ်းခင်းများအပေါ်မှ အကောင်းစား သားရေတစ်မျိုးကို ခင်းကျင်းထားပေသည်၊၊ ထိုပေါ်မှ နေရာထိုင်ဖုံ နုနုအိအိတို့ဖြင့် စားပွဲဝိုင်းတို့ရှိသည်၊၊ အခန်း၏ လေးဘက်လေးတန်မှ စာအုပ်စဉ်အမြင့်တို့က အရောင်စုံလင်လှသည်၊၊

အခန်းတွင်းသို့ ဝင်လိုက်သည်နှင့် စားပွဲဝိုင်း၌ ငြိမ်သက်စွာ ထိုင်နေခဲ့သော ဘတ်ဟျွန်းသည် သူ့ထံ လှည့်ကြည့်လာသည်၊၊ စူးစမ်းချင်သော မျက်ဝန်းတို့က အလျင်ဖြစ်ပေမဲ့ ဖြေးဖြေးချင်းသာ မေးလာသည်၊၊

" အဖွင့်ပွဲ ဘယ်လိုလဲ "

" ခမ်းခမ်းနားနားပါပဲ ၊၊ သားတော်ကလည်း တက်ကြွနေတာပဲ၊၊  မင်းမပါလ်ို့ သူမေးချင်ပေမဲ့ ဘာမှတော့ မမေးခဲ့ဘူး၊၊ "

ဘတ်ဟျွန်း နားထောင်နေရင်း တွေဝေသွားရသည်၊၊

" ကိုယ်တော့်တို့ မပြန်ခင်လာတွေ့ဖို့တော့ ပြောခဲ့တယ်"

" သူကျွန်တော့်ကို ရှာနေသေးလား "

ဝမ်ယောလ်သည် နားမလည်စွာ ပြန်ကြည့်လာသည်၊၊ ဖွင့်ပွဲကို လိုက်ဖို့ သူပြောခဲ့ပေမဲ့ နေထိုင်မကောင်း၍ မလိုက်နိုင်တော့ ကြောင်းကို စောဒက မတက်ခဲ့ပါ၊၊ အခုတော့ သူ၏ ကြင်သူ လေးသည် မလိုက်ခဲ့ရခြင်းကြောင့် ပူဆွေးနေပုံ ရပြန်သည်၊၊

" အွန်းလေး မင်းအစတည်းက မလိုက်ချင်ခဲ့တာလား"

ဘတ်ဟျွန်းသည် အကြည့်လွှဲ၍ စားပွဲပေါ်က စာအုပ်ကို ပိတ်လိုက်လေသည်၊၊

Dragon's Blade   [ Season-2 ] Where stories live. Discover now