အိမ်ရှေ့စံမိဖုရားလောင်း-၅
ယန်းလီပြန်သွားပြီ အချိန်ထိ ဝမ်ဂျွန် စိတ်သက်သာရာစွာ ကျန်ခဲ့တော့သည်။ နေဝင်ချိန်ပင် ရောက်လုနီးနေပြီမို့ ကောင်းကင်ယံတွင် တိမ်တိုက်များ တောက်ပလို့ နေသည်။
ထို့နောက် အပြေးအလွှား ပြေးလာရှာသော ယန်းမူသည် အိမ်ရှေ့စံနှင့် အင်ဂျောင်ဝန်းတို့ ပြုံးပျော်နေတာမြင်တော့မှ စိတ်ချမ်းသာ သွားသည်။
" အရှင့်သား ... ကျွန်တော်မျိုး အရှင့်သား ခိုင်းတာ ရှာလာခဲ့ပါပြီ "
" ကောင်းတယ် ၊ အခုပဲ အဆောင်တော် ပြန်တော့မှာမို့ အချိန်သင့်ပဲ "
ယန်းမူက အိမ်ရှေ့စံ၏ နောက်နားကနေ လိုက်နေပြီး တိုးတိုးလေး ကပ်မေးသည်။
" အရှင့်သား ... ကျွန်တော်မျိုးရဲ့ ညီမလေး စကားပြောမတက်တာတွေ ရှိပါရဲ့လား"
ဝမ်ဂျွန်က လျင်လျင်မြန်မြန် လမ်းလျောက် နေရင်း ပြန်ဖြေသည်။
" ရှိရင်တောင် အပြစ်မမြင်ရပါဘူး။ တစ်ကယ်ပဲ နှစ်လိုဖွယ်ကောင်းတယ် "
စကားပြောကောင်းပြီး လက်ဖက်ရည်အိုး တစ်ဝက် ကုန်လွန်သွားတာမို့ ယခုတွင်ပဲ အဆောင်တော်ကို အရေးပေါ်နှုန်းနဲ့ ကြွချီ ရလေခြင်း ဖြစ်သည်။
အင်ဂျောင်ဝန်းကို ဤသည်ကို ရိပ်မိလေ သောကြောင့် ယန်းမူကို ဆွဲထားရသည်။
" ကျုပ်တို့မင်းသားက အရေးပေါ် ပြန်စရာ ရှိနေတာဗျ ! မေးစရာရှိတာ နောက်မှမေးပါဗျာ... စိတ်ပူစရာ မဟုတ်တာတွေ စိတ်ပူမနေနဲ့လေ "
" ဟုတ်တော့ဟုတ်တာပေါ့ ... ဒါနဲ့ မင်းနဲ့လဲ ဆွေးနွေးစရာရှိတယ်နော် "
" သိပါတယ် သိပါတယ် ။ "
ဝမ်ဂျွန်မှာ သူ့နောက်က စကားတွေကို မကြားချင်ယောင်ဆောင်လျက် အသော့နှင်ရသည်။ နောက်များဆို ယန်းလီလုပ်သမျှ မစားဖို့၊ မသောက်ဖို့ ဆင်ခြင်ရမှပါ။ စားကောင်းတိုင်း၊ သောက်ကောင်းတိုင်း နင်းကန်မစားဖို့ ကိုယ့်ကိုယ်ကို သတိပေးနေရသည်။
ဒါ့အပြင် ဒီကြောင်တောင်တောင် လက်ဖက်ရည် ဆက်သပွဲကြီးကို တစ်ရက်တည်း နဲ့ ကိုးယောက်ကြီး များတောင် ။ သူ့ဆီးအိုးလေး ကွဲမသွားတာတောင် ကံကောင်း။ ဒါတောင် တစ်ယောက်ကို နှစ်ခွက်ထက်တောင် ပိုမသောက်ပေ။ ယန်းလီနဲ့မှ အိုးတစ်ဝက် ကုန်သွားရတာဖြစ်သည်။
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop