မင်းသမီးငယ်လေး ဗြော၏ အသက်ဆယ်နှစ်ပြည့် မွေးနေ့သို့ တစ်ဖြေးဖြေး ချဉ်းကပ်လာချေပြီ ဖြစ်သည်။
နန်းတော်ရှိ အရာရာတိုင်းသည် ပျားပန်းခပ်မျှ စည်ကားနေသလို မွေးနေ့ပွဲတော်အတွက် အလုပ်ရှုပ်နေကြတာ ဖြစ်သည်။ အရေးကြီး ပွဲ့နေ့ဆိုလဲ ဟုတ်သည်။ ဤသည်က တောင်ပိုင်း ဧကရာဇ်၏ အလိုလိုက်ဆုံးသော မင်းသမီးငယ်လေး၏ မွေးနေ့ ဖြစ်တာကြောင့် မည်သူမျှ လက်လွတ်စပယ် မလုပ်ရဲကြပေ။
မင်းသမီးငယ်လေးနှင့် နှစ်နှစ်မျှ အသက်ကွာသော အမွှာမင်းသား နှစ်ပါးမှာ အသက်ဆယ်နှစ်နှစ် အရွယ်ပေမို့ ယောရိုဝန်းမှ ခွင့်ယူကာ ပြန်လာနေကြတာ ဖြစ်သည်။ အသက်နှစ်ဆယ် တင်းတင်းပြည့်ပြီ ဖြစ်တဲ့ အိမ်ရှေ့စံ မင်းသားကြီးမှာလည်း ငယ်ရွယ်မှုနှင့် ရင့်ကျက်မှုတို့ ပေါင်းစပ် ထားသည့်အလား ကောင်းမွန်စွာ အရွယ်ရောက် လာပြီ ဖြစ်ကြောင်း ပြသနေသလိုပင်။
အိမ်ရှေ့စံမင်းသားကြီးမှာ ယခုနှစ်တွေအတွင်း နိုင်ငံတော်တွင်း အုပ်ချုပ်ခွင့်ကို ကောင်းမွန်စွာ ချုပ်ကိုင်နေနိုင်ပြီ ဖြစ်သည်။ မင်းကြီးလွှတ်သည့် နေရာဒေသမရွေး သွားရောက် တာဝန်ထမ်းဆောင်ခဲ့ပြီးပြီ။ သူ မထမ်းဆောင်နိုင်သေးတာဆိုလို့ ကြင်ယာတော် တော်ကောက်ပွဲ မကျင်းပ ချင်တာ တစ်ခုပဲ ဖြစ်သည်။
ဝမ်ယောလ်ကလည်း အိမ်ရှေ့စံမိဖုရား တော်ကောက်ပွဲအတွက် အလျင်မလိုဖြစ်။ ဂျွန်လေး ကိုယ်တိုင် ရွေးချယ်ချင်သူ ရှိရဲ့လား ဆိုတာကို တမင် အချိန်ပေး စောင့်နေတာ ဖြစ်သည်။ သို့သော်လည်းပဲ အဆုံး၌ အိမ်ရှေ့စံသည် ကြင်ရာဖက် မစုံမလင် ဖြစ်ခြင်းက ကြင်အင်လက္ခဏာနဲ့ မညီဟုသော အသံတွေသာ ထွက်လာတော့သည်။
ဝမ်ယောယ်က ယနေ့ သူ၏ သားတော်ကြီးအား ခေါ်ယူ မေးမြန်းရတော့သည်။ ဘယ်သူမှ မခေါ်လာနိုင်တဲ့ အဆုံးမှာတော့ ဝမ်ယောလ်က ကြင်ယာတော် တော်ကောက်ပွဲသာ ကျင်းပ မည်ဖြစ်ကြောင်း ပြောလိုက်ရတော့သည်။ ဝမ်ဂျွန်မျက်နှာ အမူအရာက မပြောင်းလဲပေ။ သူက မိန်းမယူရလဲ အရှုံးမရှိတာမို့ ဘာမှမဖြစ်၊ အနည်းငယ် အလုပ်ရှုပ်ရုံသာ ဖြစ်လိမ့်မည်။
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop