စုတ်တံ မကိုင်တာကြာ၍ စိုးရိမ်နေသော်လည်း လက်တွေက အရင်အတိုင်း လှုပ်ရှားလို့နေသည်၊၊ အရောင်တွေ စပ်ခြယ်ဖို့လည်း ဉာဏ်က ကွန့်မြူးနေပေသည်၊၊ ပန်းချီဆွဲဖို့ရာ အရင်ကလို စိတ်အားထက်သန်မှုမျိုး မရှိတော့ဘူးဟု ထင်ခဲ့မိသည်မှာ နန်းတွင်းရောက်စတည်းက၊၊အခုတော့ဖြင့် လှပသပ်ရပ်သည့် ပန်းချီသည် သူ့ရှေ့မှာ ရုပ်လုံးကြွလို့ လာပြီ၊၊
" အဲ့တာ ခမည်းတော်မင်းကြီးမလား..."
ဘတ်ဟျွန်းသည် သူ့ဘေးက ဝမ်ဂျွန်ကို သူခိုးလူမိသည့်နှယ် ပြူးကြောင်ကြောင် ကြည့်လို့လာသည်၊၊ ထို့နောက် မျက်နှာတည်တည်နှင့်ပင် လိမ်လည်လိုက်သေးသည်၊၊
" မဟုတ်ပါဘူး!"
" ဟင်? အဖေ ... ဒီလောကမှာ နဂါးအဖြူရောင်ဆိုလို့ ကျွန်တော်နဲ့ ခမည်းတော်ဘုရားပဲ ရှိတာမလား! အခုလို သန်မာထွားကျိုင်းတဲ့ နဂါးကြီးဆို ခမည်းတော်ကလွဲပြီး ဘယ်သူရှိသေးလို့လဲ?"
ဘတ်ဟျွန်းက ဆိုလာသည်၊၊
" နဂါးအဖြူရောင် ဖြစ်တာနဲ့ မင်း..မင်းကြီးလို့ မဆိုလိုပါဘူး၊၊ ဒီတိုင်း ဆွဲနေရင်း နောက်ခံအရောင်နဲ့ဆိုရင် အဖြူနဲ့မှ လိုက်မယ် ထင်လို့ ဆွဲတာကို ..."
ဝမ်ဂျွန်က မယုံ၊၊ သို့သော် ဘာမှတော့ မပြော၊၊
" ဒါဆိုအဲ့ပန်းချီ ကျွန်တော့်ကိုပေး!"
" ဟင်... သားကလည်း သားလိုချင်ရင် အဖေ နောက်ထပ် ဆွဲပေးမှာပေါ့၊၊ "
ဝမ်ဂျွန်၏ ထူးဆန်းသောအကြည့်တွေကြောင့် ဘတ်ဟျွန်း ဟန်လုပ်ရယ်ကာ စကားပြန်ပြင်ရသည်၊၊
" ဒီပန်းချီက အစမ်းဆွဲတာမို့လို့ သိပ်မသပ်ရပ်လို့ပါ ဂျွန်လေးရယ်၊၊ လိုချင်ရင် ယူသွားပါ ရပါတယ်"
" တစ်ယောက်ယောက်အတွက် ရည်ရွယ်ပြီးသားဆိုလည်း ကျွန်တော့်အတွက်က ..."
" ရည်ရွယ်တာ မရှိပါဘူးဆို! ဒီတိုင်း အစမ်းဆွဲတာ"
" ဟုတ်ပါပြီ ..."
ဝမ်ဂျွန်သည် ပြုံးရယ်ချင်သော နှုတ်ခမ်းကို အတင်းစေ့စေ့ ပိတ်ထားရသည်၊၊ ခမည်းတော်ဝမ်အွန်းတို့ လိမ်ရင် နားရွက်ဖျားတွေ နီရဲနေတက်သည်ကို သိထားသူမို့၊၊ ခမည်းတော် အရှက်မရလေအောင် ငြိမ်၍သာ နေနေမိသည်၊၊
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop