DB-98(အိမ်ရှေ့စံမိဖုရားလောင်း-၈)

5.2K 775 75
                                    

အိမ်ရှေ့စံမိဖုရားလောင်း-၈

ဝမ်ဂျွန် အဆောင်တော်ကို ပြန်ရောက်သောအခါ စိတ်စောနေသူက အရင်ရောက်နှင့်နေပြီကို တွေ့လိုက်ရသည်။ ထိုသူမှာ သေတ္တာငယ်ကို ပိုက်လျက်နှင့် မတ်ရပ်ပင် စောင့်စားနေသည်။

ဝမ်ဂျွန်ကို စေ့စေ့မကြည့်ရဲပဲ ဝတ်ရုံအနားစတွေကိုသာ ကြည့်နေသည်။ ဝမ်ဂျွန် ကျော်တက်သွားရင်း စကားစဆိုသည်။

" လုံးဝမထင်ထားတာတွေ ဖြစ်လာရင် တုံ့ပြန်တက်တဲ့ ပုံမျိုးက ဒီလိုလား ...."

ရိုမေ နှုတ်ခမ်းတွေ ပွင့်လာပေမဲ့ စကားလုံးတွေတော့ ထွက်မလာ။ မည်သည့် စကားလုံးတွေက ဒေါသကြီးသူအား အမျက်နည်းစေ မည်နည်း ခွဲခြားလို့မရ ဖြစ်နေပုံရသည်။

ဘာလို့သူလဲ! ဆိုတာကတော့ အမေးချင်ဆုံး ဖြစ်သည့်တိုင် နှုတ်ကထွက်မလာတာပဲ ဖြစ်သည်။ ထိုစကားလုံးများအတွက် အဖြေသည် ပြက်ရယ်ပြုခြင်းပဲ ရလိမ့်မည်လား။ သူ့လို ရွေးချယ်ခံက ရွေးချယ်ခွင့် ရှိသူအား မေးခွန်းထုတ်နိုင်မည့် အဆင့်တန်း ဟုတ် မနေခဲ့ပေ။

" ထိုင် ...!"

ဆွေးနွေးစရာတွေ များစွာ ရှိနေပုံရသည်မို့ ထိုင်ခိုင်းသော်ငြား မထိုင်ပဲ အူကြောင် ကြောင်ရပ်နေသေးသည်။

မျက်နှာအရိပ်အကဲလည်း ခတ်တက်ပုံမရသည့်အပြင် မျက်နှာကိုပင် မကြည့်ရဲသူ ဖြစ်နေသည်။ ဝမ်ဂျွန်မျက်မှောင်ကြုံ့ သွားတာကို ရှေ့ကလူ မသိသော်လည်းပဲ အနောက်မှ ရံရွေတော်တွေက အလိုက်တသိနှင့် သူတို့ရှေ့မှ ကျောက်ရုပ်ဖြစ်နေသော မင်းသမီးကို အိမ်ရှေ့မင်းသား၏ စားပွဲရှေ့ ထိုင်ခုံတစ်ခုံတွင် ဝင်ထိုင်ခိုင်းရတော့သည်။

" ကျ... ကျွန်တော်မျိုးမမှာ ချို့ယွင်းချက် ရှိတယ်!"

ဝမ်ဂျွန် မျက်မှောင်ကြုံ့ထားဆဲ။

သူ့အရှေ့မှ ရိုမေသည် စားပွဲပေါ်ရှိ စာရေးကရိယာတွေ၊ စာရွက်တွေကို ကြည့်ရင်းသာ စကားဆိုနေသည်။

" အခုက အမိန့်စာကို အတည်မပြုရသေးတော့.."

" မင်းကို ရွေးချယ်ထားတာကနေ ပယ်ဖျတ်ပေးဖို့လား ..."

Dragon's Blade   [ Season-2 ] Where stories live. Discover now