DB-100

7K 856 79
                                    

အိမ်ရှေ့စံမိဖုရားလောင်း-၁၀

မနက်ဝေလီဝေလင်း အချိန်အခါ၌ ရိုမေ ကပြာကယာဖြင့် အဝတ်လဲပြင်ဆင်ပြီး ထွက်လာရသည်။ အိမ်ရှေ့စံမင်းသား၏ ရုတ်ချည်း ပေးသောအမိန့် ဖြစ်တာကြောင့် ရိုမေသည်လည်း နေရောင်ပင်မမြင်ရသေးခင် အသင့်စောင့်ဆိုင်းနေသည့် ဝေါယာဥ်ထဲ ပြေးဝင် သည်။

ဝေါယာဥ်ထဲ၌ မထင်မှတ်ထားသည့် ဧည့်သည်တစ်ဦး ရှိနေမည်လို့ မထင်မိခဲ့ပေ။

" မင်းသမီး ... အဲ့ အခုဆို အိမ်ရှေ့စံမိဖုရားလို့ ခေါ်ရတော့မှာပဲ ... ရော့ရော့ ခြုံစောင်လေး ခြုံထား။ မနက်ခင်းက အေးတယ်။"

ရိုမေက အံအားသင့်နေရာက ခြုံစောင်ကို ဆွဲတင်လိုက်သည်။ ဝေါယာဥ်အတွင်းထဲမှာက အပြင်လောက် မအေးနေပေမဲ့ အခုမှ ရောက်သည့်  ရိုမေအတွက်တော့ ခြုံစောင်တစ်ခုဖြင့် အနွေးဓာတ်ယူနေရသည်။

" အိမ်ရှေ့စံမင်းသားက မင်းသမီးကိုပါ ခေါ်ပေးခဲ့ဆိုလို့ !"

" အင်း ... ယန်းလီက အိမ်မပြန်ရသေးဘူးဆိုလဲ ဘာလို့ တစ်ခါလေးတောင် လာမတွေ့တာလဲ ...."

ယန်းလီမှာ သူ့ကို စေ့စေ့ မကြည့်ပဲ ပြောသည့် မင်းသမီးနှင့် လိုက်လျောညီထွေ ဖြစ်စွာ ပြောဆိုနိုင်သည်။

" လာချင်တာပေါ့ ... ဒါပေမဲ့ ယန်းလီလည်း မင်းသမီး အင်း မိဖုရားလောင်းလေးလိုပဲ လက်ထပ်ဖို့အတွက် ပြင်ဆင်နေရတာနဲ့ တစ်ကယ်ကို မအားမလပ်ဘူး ... အခုလဲ အိမ်ရှေ့စံမင်းသားက မိဖုရားလောင်းလေး တစ်ယောက်တည်း ပျင်းနေမှာဆိုးလို့ ဆိုပြီး ခေါ်ခိုင်းတာနဲ့ ပဲ ..."

ရိုမေက ခြုံစောင်ကို တင်းနေအောင် ကိုင်ထားရင်း မသိမသာ မျက်မှောင်ကုပ်မိသွားသည်။

" လက်ထပ်ပွဲ ?..."

ယန်းလီသည် ပြုံးရွှင်ပျော်မြူးစွာဖြင့် ထပ်ဆိုသည်။ ရိုမေ မတွေ့နိုင်သည့် ယန်းလီ၏ ရှက်သွေးဖြာမျက်နှာကလေးသည် နီရဲသွေးလျက် မနက်ခင်းနေရောင်ခြည်လေး လိုပင်။

" ဟုတ်တယ် မိဖုရားလောင်းရှင့် ... အခုက လက်ထပ်ပွဲအပြင် မင်းသားချီးမြင့်ထားတဲ့ အိမ်တော်ကိုပါ ပြင်ဆင်နေရတာနဲ့ တစ်ကယ်ကို မအားခဲ့လိုပါ... မိဖုရားလောင်း လက်ထပ်ပွဲနဲ့ ယန်းလီရဲ့ လက်ထပ်ပွဲ အပြီးဆို ခဏခဏ နန်းတွင်းထဲ လာပြီးကို လည်ဦးမှာ!"

Dragon's Blade   [ Season-2 ] Tempat cerita menjadi hidup. Temukan sekarang