DB-99(အိမ်ရှေ့စံမိဖုရားလောင်း-၉)

5.2K 812 85
                                    

အိမ်ရှေ့စံမိဖုရားလောင်း-၉

အိမ်ရှေ့စံမိဖုရားလောင်းအတွက် လေ့လာ သင်ကြားမူကာလသည် တစ်လတိတိပင် မရှိချေ။ လျင်မြန်စွာသော ကျင်းပမူသည် နောက်လတွင် ရက်ကောင်းရက်မြတ် အဖြစ် ကြိုတင်သတ်မှတ်ထားကြပြီ။

ရိုမေတွင် ရက်သတ္တပတ် တစ်ပတ်လုံးကို သင်ကြားရေးများဖြင့် ပြည့်နေလေသည်။ မူလတည်းက မင်းသမီးဖြစ်နေစေကာမူ နန်းမူနန်းကျင့်၊ ဓလေ့ထုံးတမ်းများနှင့် ကိုယ်နှုတ်အမူအရာကအစ အကုန်ပြန်သင်ရသည်။

ထိုထိက သူမ သည်းခံလေ့ကျင့်နိုင်သေးသည်။ တစ်ရက်သော အချိန်တွင် ယန်မယ်ဟွာ၏ ဆက်ခံသူသည် ရိုမေထံသို့ ရောက်လာပြီး ပြုစုနည်းအဖြာဖြာကို လာရောက်သင်ကြားသောအခါ ရိုမေ သည်းမခံနိုင်စွာ ထ ငိုတော့သည်။

အထိန်းတော်များ၊ ရံရွေတော်များ ပြာယာခတ်သွားသည်။ မိဖုရားလောင်းကို ချော့မရ၊ ပြုမရသည့်အဆုံး မိဖုရားလောင်း၏ အစ်မတော်ဖြစ်သူ ရိုမီကို ပင့်ဆောင်ရတော့သည်။

ရိုမီမှာလည်း ငိုရခက်၊ ရယ်ရခက်နှင့်။

ရိုမေ တွင် မျက်ရည်မထွက်တော့ သော်လည်း ရှိုက်ငိုနေဆဲ။

" ရှက်စရာကောင်းအောင် ဘာလို့ မမကို ခေါ်လာကြတာလဲ..."

"  ဒီလိုဖြစ်နေရင် မေတစ်ယောက်တည်းကို ဒီမှာ ဘယ်လို ထားခဲ့ရက်နိုင်တော့မှာလဲ"

ရိုမေငြိမ်သွားသည်။ ရက်အတော်ကြာ စိတ်အိုက်စရာ တော်ဝင်လေ့ကျင့်ခန်းများ ကြောင့် သူ့စိတ်က လွတ်သွားတာ ဖြစ်မည်။ သူသည် ထိုကဲ့သို့ စိတ်လိုက်မာန်ပါ လုပ်၍ မရသူဖြစ်သည်။ သူသည် တစ်စုံတစ်ဦး၏ ပိုင်ဆိုင်မူအပြင်၊ ပိုင်ဆိုင်သူ၏ လက်နဲ့ခြေကဲ့သို့ နေရမည့်သူ ဖြစ်သည်။

အက်ရှနေသော အသံတိမ်တိမ် ထွက်လာသည်။
" ရိုမေ စိတ်လွတ်သွားတယ် မမ"

" အရမ်းပင်ပန်းရင် လက်လျော့လိုက်မလား"

" မလျော့ပါဘူး။ မမ ပြောဖူးတာပဲ။ ဘဝမှန်ရင် ရုန်းကန်ရင်း ကြိုးစားရှင်သန်ရတာပဲ မလား ။ ဒါက မပြောပလောက်စရာပါ။ ရိုမေ အတွေးတိမ်သွားလို့၊ နောက်မဖြစ်စေရပါဘူး"

Dragon's Blade   [ Season-2 ] Where stories live. Discover now