" ........ ဤအမိန့်ကို လက်ခံစေ.. "
အမိန့်တော်ပြန် အမတ်ကြီးသည် ရှည်လျားစွာသော မိန့်ခွန်းကြီးကို ဆိုပြီးနောက် အမိန့်တော် လက်ခံသူကို တစ်ချက် စောင့်ငဲ့ကြည့်လိုက်သည်။
ဒူးတုပ်လျက် သူ့ကို ကြောင်တိကြောင်ငေး ကြည့်နေရှာသော ရှောင်လီ တစ်ယောက် ကြောင့် အမတ်ကြီးမှာ မိန့်ခွန်းကို ပြန်ကြည့်ပြီး ရှောင်လီ နားမလည်သည့် နေရာများ ရှိနေ၍လားဟု ပြန်စမ်းစစ် လိုက်သေးသည်။
" အဟမ်း.. အဟမ်း.. ဤ အမိန့်တော်ကို သင်လက်ခံပါသလား "
" ဟုတ်... ဟုတ်ကဲ့ .. အရှင်မင်းကြီး ကျေးဇူးမြင့်မားလှပါတယ် "
ရှောင်လီ ဒူးတုပ်လျက်ကနေ အရှင်မင်းကြီး အား မျှော်ကိုးလျက် ကန့်တော့ လိုက်သေးသည်။ ဒါက ဆယ်ခါပြန် ကျေးဇူးတင်တာတောင် မလောက်သေးဘူးဟု ရှောင်လီ တွေးမိသည်။
အမိန့်စာလွှာကို လက်နှစ်ဖက်ဖြင့် ယူလိုက်ရင်း ရှောင်လီရင်တွေ တစ်လှပ်လှပ်နဲ့ ခုန်နေရှာသည်။ အရှင်မင်းကြီးမှာ သူ့အတွက် ကြင်ယာတော်နဲ့ မင်းသမီးလေးအား ဘေးမသိရန်မခ ပြန်ခေါ်လာနိုင်သော ဆုလာဘ်အပြင် ခေါင်းဆောင်ကြီးကိုပါ အစစ်လက်ဆောင်ပေးလိုက်သေးသည်။
ဒါဆိုလျှင် မင်းကြီးက သူနဲ့ ခေါင်းဆောင်ကြီးကို ဂုဏ်ပြုပေးတာဖြစ်ပြီး နည်းနည်းလေးတောင် ကန့်ကွက်မည့် အရိပ်အယောင်မရှိကြောင်း သိသာလှသည်။
တစ်ချို့သောလျို့ဝှက် စစ်သည်များက ရှောင်လီအနားကို တိုးလာပြီး စပ်စုကြသည်။
" ဟဲ့... ရှောင်လီ.. ဆုလာဘ်ရတာက ထားပါတော့ ။ ဒီနေ့ကစပြီး နင်က ဘာလို့ ခေါင်းဆောင်ကြီးရဲ့ လူ ဖြစ်သွားတာလဲ "
ထိုမိန်းကလေးကို တိုးဝှေ့လာသော အခြားသော အမျိုးသားတစ်ဦးမှာလဲ အံသြနေသော အမူအရာနဲ့ ဖြစ်နေသည်။
" အေးလေ... ခေါင်းဆောင်ကြီး ပိုင်ဆိုင်တဲ့ လူဆိုတာ ဘာလဲ "
ရှောင်လီက မျက်နှာကို ခပ်မော့မော့ ချီလျက် အမိန့်တော်စာရွက်ကို လက်ထဲ ပိုက်ထားသည်။ စပ်စုသူများမှာ ရှောင်လီအနား တိုးဝှေ့လျက် အဖြေကို စောင့်စားနေကြသည်။
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop