အိပ်ရေးဝဝ အိပ်ခဲ့ရသည်ထင်၊၊ မျက်လုံးဖွင့်ဖွင့်ချင်း အားအင်တွေ အပြည့်နှင့်မို့ စိတ်ရွှင်လန်းလို့နေသည်၊၊ အိပ်နေကျအခန်း မဟုတ်ပေမဲ့ ရောက်ဖူးပြီးသားအခန်း၊၊ အရင်က အေးစက်ကြောက်မက်ဖွယ်ဟု ထင်ခဲ့ရပေမဲ့ အခုတော့ နွေးထွေးမှု လွှမ်းခြုံထားလို့နေသည်၊၊
နေမြင့်သည်ဟု ထင်ရသောကြောင့် ဘတ်ဟျွန်း အလျင်အမြန် ထတော့ အခန်းကြီးသည် တိတ်ဆိတ်လို့နေသည်၊၊ အခန်းပိုင်ရှင် မင်းကြီးသည်ကား အရိပ်ပင်ရှာလို့ မတွေ့၊၊ မင်းကြီးသည် ပုံမှန်ထချိန်အတိုင်း ထနှင့်ပြီထင်၊၊
" ကြင်ယာတော်လေး နိုးနေပြီပဲ .."
မျက်နှာသန့်စင်ခွက်တွေနှင့် အဝတ်တို့ သယ်လာသည့် အပျိုတော်တွေရယ် ၊ ရဲမက်တစ်ဦး အဝတ်အစားနှင့် ဆူးတို့က ဘတ်ဟျွန်းကို တစ်ရိုတစ်သေနှင့် မေးလာသည်၊၊
ဘတ်ဟျွန်း အိပ်ရာထက်က ထလာခဲ့ပြီး မေးသည်၊၊
" မင်းကြီးရော .."
" နန်းတွင်းပန်းပဲဖိုမှာပါ ၊၊ ကြင်ယာတော်လေး မနက်စာ စားသုံးပြီးရင် လိုက်လာခဲ့ဖို့ မှာကြားထားပါတယ်"
ဘတ်ဟျွန်းခေါင်းတစ်ငြိမ့်ငြိမ့်နှင့် ၊၊
အပျိုတော်တို့ ကမ်းလှမ်းသည့် ရေစိုဝတ်ကို လှမ်းယူကာ မျက်နှာသစ်လိုက်လေ၏၊၊ ဘတ်ဟျွန်းသည် ကိုယ်လက် သန့်စင်ရာတွင် သူတစ်ဦးတည်းသာ လုပ်ဆောင်လေ့ ရှိသည်ဖြစ်သည်၊၊ မည်သည့် အထိန်းတော်၊အပျိုတော် ဖြစ်စေ သူ့ကို ကူညီခွင့်မရှိအောင် တင်းကြပ်ထားသည်၊၊ အတွင်းဝတ်တို့အထိ သူ့ဘာသာ လဲပြီးတဲ့အခါ ယနေ့အတွက် ဝတ်ဆင်ရမည့် ဝတ်ရုံကို အခန်းရှေ့တွင် ချခိုင်းထားသည်၊၊
နန်းတွင်းရောက်စက ရှည်လျားထွေပြား၍ အထပ်ထပ်သော ဝတ်ရုံရှည်ကို ဘတ်ဟျွန်း မဝတ်တက်ပါ၊၊ တစ်လကြာ အချိန်ယူပြီးမှ မိမိတစ်ဦးတည်း ဝတ်နိုင်ခဲ့လေသည်၊၊ ဒါတောင် ပွဲတော်ရက်အတွင်း ဝတ်ရသည့် အဝတ်အစားတွေ ွမပါသေးပါ၊၊
အဝတ်အစားလဲပြီးတော့ ဆူးက သူ့အတွက် မနက်စာစားပွဲကို ပြင်ဆင်ပေးထားနှင့်ပြီ၊၊ အိပ်ခန်းထဲကနေ ဘတ်ဟျွန်း ထွက်လာတော့ စားသောက်ဖွယ်ရာက အဆင်သင့်ပေ၊၊
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop