မျက်နှာချင်းဆိုင် အကျဉ်းထောင်အခန်းမှ ကလေးသံသဲ့သဲ့ကို နားစွင့်ရင်း မင်းကြီးသည် သူရှေ့မောက်မှ အပြစ်သားအား သေချာစူးစိုက်ကြည့်နေခဲ့သည်၊၊
" ငါ့သားတော်ဝမ်ဂျွန်မွေးတုန်းက အနားမှာ ရှိမနေခဲ့ဘူး! မဟုတ်ဘူး... ရှိမှန်းတောင် မသိခဲ့ရဘူး! "
" သေလောက်တဲ့အပြစ် ကျူးလွန်ခဲ့ပါတယ် မင်းကြီး.. ကျွန်တော့်ကလေးနဲ့ မိန်းမကို ခုလို မွေးဖွားခွင့်ပေးတာ တစ်ကယ်ကို ကျေးဇူးတင်ပါတယ်..၊၊ သေသင့်တဲ့ ကောင်အတွက် အခုလ်ို မျက်နှာသာပေးမှုက တစ်ကယ်ကို ကျေးဇူးတင်မိတာပါ "
မီးမဖွားခင်တည်းက လိုအပ်သည့် အခင်း၊ စောင် အနှီးတို့ကို ထောက်ပံ့ပေးခဲ့သလို သမားတော်တို့ကိုလည်း စေလွှတ်ပေးခဲ့သည်၊၊
" ကျွန်တော်ဒီရက်တွေအတွင်း သေချာစဉ်းစားခဲ့ပါတယ်၊၊ သေချာပေါက် ကွဲလွဲမှုတွေ ရှိနေခဲ့ပါတယ် မင်းကြီး"
" ဆိုစမ်းပါဦး "
" ကျွန်တော်တို့ ပထမဆွဲခေါ်ခံရတုန်းက နိုင်ငံတော်အသစ်အတွက် တိုက်ခိုက်ရမယ်လို့ ဆိုပါတယ်၊၊ ကျွန်တော်တို့ကို နိ်ုင်ငံတော်အသစ်ရဲ့ စစ်သည်တော်တွေဆိုပြီး တိုက်ခိုက်ရေးတွေ လေ့ကျင့်ပေးကြတယ်၊၊ ပြီးတော့ လပြည့်ညပွဲမှာ ပြည့်ရှင်မင်းကို လုပ်ကြံပြီး နိုင်ငံတော်ကို ပုန်ကန်ဖို့ သင်ကြားကြပြန်တယ်၊၊ ကျွန်တော်တို့မှာ သေချာပေါက် သေရမဲ့လမ်းကို သွားရမှန်း သိရက်နဲ့ မတက်နိုင်ခဲ့ဘူး၊၊ ထွက်ပြေးရင်လည်း အသတ်ခံရမှာ၊၊
ဒါမဲ့ နောက်တော့ ကျွန်တော်တို့ရဲ့ ဦးတည်ချက်က ပြောင်းသွားပြန်ပါတယ်၊၊ ခါတိုင်း တပ်စခန်းကို စာလိတ်အမိန့်တွေ လာပို့နေတဲ့ သူပြောင်းသွားကတည်းကပဲ၊၊ မင်းသားလေးကို လုပ်ကြံဖို့ အမိန့်စာလိတ်လာပေးတဲ့သူက အရင်ကလူနဲ့ မတူသလို ပြောတဲ့ ဘာသာစကားလည်း မတူပါဘူး၊၊ အသေးစိတ်ကို မသိလို့ ကျွန်တောသိတာ အဲ့တာပဲရှိတာပါ"
ဝမ်ယောလ်က ထပ်မေးလာသည်၊၊
" စားရတဲ့ ရိက္ခာပါ ပြောင်းသွားလာ"
" ဟုတ် ၊ ပြောင်းပါတယ် "
ဝမ်ယာလ်သည် ထိုင်ရာမှ ထ၍ အကျဉ်းစခန်းထဲက ထွက်လာသည်၊၊ အနောက်ပါးက လိုက်ပါလာသည့် ကိုယ်ရံတော်ဂီကို အမိန့်ပေးလာသည်၊၊
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop