မြို့တော် ဟန်ယန်းဟာ ထုံးစံအတိုင်းပဲ ဈေးလမ်းမကြီး တစ်လျောက်ဟာ လူတွေ ပြည့်ညှပ်နေဆဲ ဖြစ်သည်။ ဈေးဆိုင်တွေကလည်း အပြည့်။ မုန့်ဆိုင်တန်းတွေကလည်း လမ်းတောက်လျောက်မှာ အနံ့ပေါင်းစုံနဲ့ မြူစွယ်နေကြ သဖွယ်။ အမြှူခံရသူမှာ နန်းတော်၏ တော်ဝင်ကြင်ယာတော်လေး လည်း အပါအဝင်ဖြစ်သည်။
ကြင်ယာတော်လေးသည် နောက်နား၌ အရိပ်လိုကပ်ပါလာသော လူတစ်ဦး၏ လက်ကို မြဲမြဲဆွဲလျက် ဝင်ချင်သည့် မုန့်ဆိုင်ထဲ ပြေးဝင်တော့သည်။ သူ့၌ သုံးစရာ ခြူးတစ်ပြားမှ မပါသေည်လည်း ခင်ပွန်းကြီးကမူ အသပြာအိတ် တစ်ထုပ်ပီးတစ်ထုပ် ထုတ်ပေးကာဖြင့် ပြုံးတုံ့တုံ့ လုပ်နေသည်။
ဝမ်ယောလ် အနေနှင့်လည်း အခုလို ကြင်ယာတော်အား လွတ်လွတ်လပ်လပ် ပျော်ရွှင်နေသည်ကို မြင်ရတာက ဆုလာဘ် တစ်ပါးလို ခံစားရသည်။
" ယောလ်... သေရည်ဆိုင် ရွေးလေ။
ဘယ်ဆိုင်က ကြက်ခြေထောက်စပ် ကောင်းလဲက အဓ်ိကနော်"ဘတ်ဟျွန်းသည် ကစားစရာ အရုပ်ဆိုင်၌ မထတမ်း ဆိုလေ၏။
" ဟိုဘက် ထောင့်ကျတဲ့ ဆိုင်က ကောင်းတယ်လို့ ကြားဖူးတယ် ။ မင်း ရွေးပြီးရင် သွားကြမယ်လေ "
" အင်း.. ခဏလေး "
ဘတ်ဟျွန်းသည် သစ်သားဖြင့် ဆေးရည်သုတ်ကာ ပုံဖော်ထားသော ကျားရုပ်၊ ခြငေ်္သ့ရုပ် တို့အား သူ၏ ပေါင်ပေါ်သို့ ရွေးချည်သည့်အနေနှင့် တင်ထားလေသည်။
" ဆ်ိုင်ရှင်ကြီး.. နဂါးရုပ်ရော မရှိဘူးလား "
ဆိုင်ရှင်ကြီးသည် ဘတ်ဟျွန်း စကားကြောင့် ကြောက်လန့်တကြား ဖြစ်သွားရသည့် ပုံနှင့်။
" သခင်လေးရယ်.. ဘယ်လိုများ မေးလိုက်တာလဲ။ ဒီနိုင်ငံရဲ့ ဧကရာဇ်မင်းနဲ့ သားတော်တွေက နဂါးသားတော်တွေလို့ တင်စားထားကြတာကို သိသိကြီးနဲ့ ကျွန်တော်က ဘယ်သတ္တိနဲ့ နဂါးရုပ် ထွင်းနိုင်မလဲဗျာ... "
ဘတ်ဟျွန်းသည် မျက်လုံးအပြူးသားနှင့် ဝမ်ယောလ်ရှိရာသို့ လှည့်ကြည့်လာသည်။ ဝမ်ယောလ်သည်လည်း ခပ်အေးအေး ရှင်းပြလာသည်။
STAI LEGGENDO
Dragon's Blade [ Season-2 ]
Narrativa StoricaWarning .. Mperg Covered by @LenCo graphic Shop