DB-39

26.7K 2.2K 114
                                    

နန်းတွင်း၏ ဆေးကုသရုံနှင့် သီးသန့်ဖြစ်နေသော နားနေဆောင်ရှိသည်။ သမားတော်တို့၏ ကိုယ်ပိုင် ဆေးပစ္စည်းများ ထားရာ နေရာလည်း ဖြစ်သည်။

မင်ဆော့သည် စားပွဲ၌ ကြင်ယာတော်ညီငယ်၏ ရက်သတ္တပတ် တစ်ပတ်စာ အစားအသောက်နှင့် တွဲဖက်သောက်ရမည့် ဆေးစာရင်းတို့ကို ထိုင်ရေး နေသည်။နံဘေး၌ သူ၏ လက်ထောက်တို့ကလည်း မင်ဆော့ညွှန်ကြားသမျှကို လိုက်မှတ်နေလေသည်။

ထိုနားနေခန်းသို့ မင်းကြီးအရှိန်အဝါနှင့် တူညီလှသော လူတစ်ယောက်သည် ခြေသံတိတ်ဆိတ်လျက်သား ဝင်လာခဲ့သည်။ သမားတော်အချို့သည် သူတို့ရှေ့တည့်တည့် ရပ်လာသည့် သူကို မြင်မှ အလန့်တကြားနှင့်ပင် အရိုသေပြု နှုတ်ဆက်ရတော့သည်။

" မင်းသား ဝမ်ဂျွန် အရိုအသေပြုပါတယ်.. "

မင်ဆော့သည်လည်း ထိုအခါမှ လန့်ုဖြန့်ကာ ထရပ်လေသည်။ ဂျွန်လေးသည် မင်ဆော့ဘေးမှ ထိုင်ခုံတွင် နေရာဝင်ယူလျက် ဆိုလာသည်။

" ဦးရီးတော် အလုပ်ရှုပ်နေသလား "

" ရှုပ်တယ်လို့လည်း မဟုတ်ပါဘူး။ ဘယ်ချိန်က ရောက်လာခဲ့တာလဲ.. ခမည်းတော်ဝမ်အွန်းကိုရော သွားတွေ့ပြီးပြီလား "

မင်ဆော့သည် သူ့ရှေ့ရှိ ပန်းလက်ဖက်ရည်ကြမ်းကို တစ်ခွက်ပြန်ငှဲ့ရင်း ဝမ်ဂျွန်ရှိရာသို့ ကမ်းပေးသည်။ ဂျွန်လေးသည် ဦးရီးတော်ဖြစ်သူပေးသည့် ခွက်ကို လက်နှစ်ဖက်နှင့် အသာယူ၏။ မည်သူကြည့်ကြည့် မင်းသားလေးသည် သူ၏ ဦးရီးတော်ကို ရိုသေကြောင်းက သိသာလှသည်။

ဂျွန်လေးသည် ပြုံးယောင်ယောင် နှုတ်ခမ်းတို့ဖြင့် စကားဆိုလာသည်။

" ရောက်ရောက်ချင်းပဲ ခမည်းတော်မင်းကြီးက အဖေ့ဆီကို ခေါ်သွားတယ်။ ညီငယ်လေးတွေကို ကြည့်ပြီးတာနဲ့ အတူ နေ့လယ်စာစားပြီး ဦးရီးတော်ဆီ ခဏထွက်လာတာ "

မင်ဆော့သည် သူ့တူတော်ကြီး၏ စကားပြောသည် သိသိသာသာ ညင်သာနေသည်ကို ရိပ်စားမိသည်။ ငယ်စဉ်တည်းက ထစ်ကနဲရှိ စိတ်ကြီးတက်သော ဂျွန်လေးသည်လည်း အရွယ်ရောက်လာတာနှင့် ပြောင်းလဲလာပြီ ဖြစ်ကြောင်း သက်သေနှင့်တစ်ကွ ဖြစ်သည်။ ဖွံ့ဖြိုးမှု မြန်သော ကျန်းမာသည့် ကိုယ်ခန္ဒာသည် ဆယ်နှစ်တောင်မကျော် သေးသည့် ကလေးနှင့်မှ မလိုက်၊ အရပ်အမောင်းက နောက်နှစ်ဆို သူ့ပုခုံးနှင့် တန်းတူ ဖြစ်ချေတော့မည်။

Dragon's Blade   [ Season-2 ] Where stories live. Discover now