DB-108

4.3K 507 9
                                    

နောက် သုံးရက်အကြာတွင် အင်ပါယာနန်းတော်မှ ဝမ်မိသားစုကြီး ရောက်ရှိလာသည်။ ဝမ်အင်မင်းသားကြီးကတော့ ရောက်တာနှင့် စစ်သူကြီးဆယ်ဟွန်းကို ဆွဲကာ စိုက်ခင်းတွေဘက် ခေါ်သွားတော့သည်။ ဝမ်ယောလ်မှာတော့ ညီတော်အား ကြိမ်းလို့ မဆုံးနိုင်ပေါ့။

မည်သို့ဆိုစေပင် သူ၏ ချစ်လှစွာသော မြေးဦးသမီးမိန်းကလေးနှင့် မြေးဦးသားကလေး ရောက်လာပြီမို့ ဝမ်ယောလ် ပျော်ရွှင် နေဆဲ။ ကလေးနှစ်ဦးသည်လည်း အင်ပါယာ နန်းတွင်း မှာထက် အိမ်တော်ရာမှာ လွတ်လပ် တာကို ကြိုက်လေသည်မို့ အိမ်တော်ရာ ရောက်တိုင်း အပြုအမူများပင် မထိန်း ကြတော့ပေ။ လှည်းပေါ်က ဆင်းသည်နှင့် အသင့် စောင့်နေကြသော အဖိုးနှစ်ဦးထံ အပြေး လာကြသည်။

ရိုမေသည်လည်း ထိန်းချုပ်မနေဘဲ လွတ်လပ်စွာသာ နေသည်။ ကလေးနှစ်ဦးတွင် မေဟွားက သိတက်နေသော အရွယ်ရောက်ပြီမို့ အပြုအမူများက ညင်သာသည်။ သူမလေးက တစ်လျှောက်လုံး ဘတ်အွန်း၏ လက်ကို ဆွဲထားကာ ပြုံးပြုံးကလေး စကားဆို နေတက်သည်။ ဂွန်းလေးမှာတော့ သူ၏ ဖိုးဖိုးကြီး ဝမ်ယောလ်ကို ကပ်ချွဲနှပ်ချွဲ ပြောဆို နေတက်သည်။

ဝမ်ဂျွန် ပြောခဲ့သလိုပင် ဝမ်ဂွန်းမှာ အရောင်တောက်ပနေသည့် ဥကြီး လေးလုံးကို အကြည့်ပင် မလွှဲနိုင်ခဲ့ပါချေ။  အနီးဆုံးဖြစ်သည့် မင်းသားယင်းဆီမှာ တိုးတိုးလေး မေးလိုက်သည်။

" ဦးရီးတော်... ကျွန်တော့် ကိုင်ကြည့်လို့ရလား"

ယင်းက လိုလားစွာပဲ ဥလေးနှစ်လုံးကို အနားကပ်ပေးသည်။ " ရော့... ဂွန်းလေး... ပွေ့ထားချင်လည်း ရတယ်"

ဂွန်းလေး၏ မျက်လုံးများ တောက်ပသွားသည်။ "တစ်ကယ်လား...."

" တစ်ကယ်ပေါ့... နည်းနည်းကြီးတော့ တစ်လုံးပဲ ပွေ့ကြည့် !"

ဂွန်းလေး ဥအနီရောင် တောက်တောက် လေးကို ပွေ့ယူလိုက်သည်။ တစ်ဆက်တည်းမှာပဲ ဝမ်ဂျွန်မှာ အလင်းလို အလျင်ဖြင့် ပြေးထွက် လာသည်။

" ဂွန်းလေး... ဂွန်းလေး... မလုပ်နဲ့!! မင်း ဦးရီးတော်ကို ပြန်ပေးလိုက် !! "

Dragon's Blade   [ Season-2 ] Donde viven las historias. Descúbrelo ahora