ရေကာတာတစ်ဝိုက်ရှိ ငါးဖမ်းလှေ တစ်ချို့ဟာ အစောင့်အရှောက် နတ်သမီးလေးများကို တွေ့ခဲ့ကြသည်ဟူသော တစ်ဆင့်စကား တွေဖြင့် ရွာတွေမှာ ကိုးကွယ်မူ ပြုနေကြသည်။
ဝမ်ယောလ်နှင့် ဘတ်ဟျွန်းတို့ မြင်းကိုယ်စီဖြင့် ရွာနီးချုပ်စပ် အကုန်လိုက်စစ်ဆေး ကြည့်သည့်အခါ တွင်တွင်ကျယ်ကျယ် မဖြစ်နေ၍ သက်ပြင်းချနိုင်စရာ ဖြစ်သွားသည်။ လိုက်လံ ကန့်ကွက်နေပါလျှင် ကိစ္စပိုကြီး လာပြီး ပိုပြီး လူသိများလာမည်ဖြစ်၍ ဒီတိုင်းသာ စောင့်ကြည့်နေရသည်။
ကံကောင်းသည်က ရွာသားများက လိုက်လံ ရှာဖွေကြတာမျိုး မလုပ်ဘဲ ရိုးသားစွာ လုပ်ကိုင်စားသောက်ကြသူများ ဖြစ်ကြသည်။ သို့ပေမဲ့လည်း မပေါ့ဆရဲဘဲ အပြင်လူ အဝင်အထွက်ကို တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားရလေသည်။
ဝမ်ဂျွန်လည်း ဆင်းလာပြီး လာကြည့်သည်။ သူ့ညီတွေ၏ မျောက်မီးခဲကိုင်ထားရသလို ရုပ်မျိုးကို မြင်ရသောအခါ စိတ်ပူနေရာက ရယ်ချင်လာသလိုလို ဖြစ်လာသည်။
" နတ်သမီးလေးတွေ မွေးထားရတော့ ဒီအဖေတွေ စိတ်ညစ်သွားကြတာလား..."
" စိတ်မညစ်ပါဘူး..။ ကျွန်တော်တို့ ပေါ့ဆမူကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်မိတာ "
ရှင်းနဲ့ ယင်းမှာ တစ်ကယ်ကြီး ရယ်ရခက်၊ ငိုရခက် အခြေနေများဖြင့် ကြုံနေသည်။ တော်သေးသည်မှာ ဒီနေရာက အမှန်တစ်ကယ်ကို လုံခြုံပေလို့။
ဝမ်ဂျွန်က ခပ်ပြုံးပြုံးပင်။ ပန်းရောင်လေးကို ပွေ့ချီပြီး ချော့မြူနေသည်။ ထို့နောက် ဝါလေးကို ပွေ့ပြီး ကလေးနှစ်ဦးလုံးကို လက်နှစ်ဖက်ဖြင့် ပွေ့ချီထားတော့သည်။ ကလေးငယ်များက နူးညံ့ပြီး ဆံပင်ရှည်ရှည်လေးတွေနှင့် တစ်ကယ်ကို နတ်သမီး အသေးစားလေး တွေနှင့် ဆင်တူနေသည်။
ကလေးငယ်လေးတွေက ကြောက်လန့်ခဲ့ရသည့် အဖြစ်ပျက်ကို မေ့သွားကြပြီမို့ ကလေးသဘာဝ ပျော်ပျော်ရွှင်ရွှင် ပြန်ဖြစ်လာသည်။
" နိုအာရော.... ဘယ်မလဲ? သူလဲ တော်တော် လန့်သွားတယ်မလား "
ရှင်းက အနီရောင်လေး မှောက်ရက်လဲနေသည်ကို ထူပေးရင်း ပြန်ဖြေသည်။

YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop