DB-25

33.7K 2.5K 164
                                    


အဆက်မပြတ် တုန်လှုပ်နေဆဲ ရင်ကို ငြိမ်သက်ဖို့ရာ ရေနွေးထပ်မံ မျောချတော့သည်၊၊ ဒုတိယမြောက် မမျော်လင့်သော ဖြစ်စဉ်ကြောင့် ရင်တွင်းသည် တစ်အုံနွေးနွေးနှင့် ရွှင်မြူးနေရသည်၊၊

" ဝမ်အွန်း..."

"...."

ထူးသံမကြားရသည်ကြောင့် လှည့်ကြည့်ရာ အကြင်သူလေးသည် ခေါင်းငုံ့၍ ထိုင်လျက် အိပ်ငိုက်နေပေသည်၊၊

ဝမ်ယောလ် ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိတော့သည်၊၊ ဘတ်ဟျွန်းကို အနားမှာ ခေါ်ထားပြီး တစ်ခွန်းမှ မပြောရသေးပဲ တစ်ကိုယ်တည်း ရွှင်မြူးနေသည်ပဲ ဖြစ်သည်၊၊

" အွန်းလေး.."

မနိုးလာသေး၊၊

" ဘယ်လိုများ ထိုင်ရက်ကြီး အိပ်ပျော်သွားရတာလဲ"

အောက်သို့ ငိုက်စိုက်နေသည့် ခေါင်းလေးကို သူ့ပုခုံးထက် တင်လိုက်စေပြီး ဒူးခေါင်းအောက် လက်လျိုဝင်ကာ ပွေ့ချီ လိုက်ရသည်၊၊

" အွင်း... ဟင်း "

ပွေ့ချီလိုက်မှ လန့်ဖြန့်ပြီး ပုခုံးနဲ့ လက်မောင်းကို ဆွဲဖက်လို့ လာသည်၊၊

" နိုးပြီလား "

" ကျွန်တော် အိပ်ပျော်သွားတာလား"

" အင်း နိုးလို့မရတော့လို့ အိပ်ယာထဲ ခေါ်သွားတော့မို့"

ဘတ်ဟျွန်း ဆင်းဖို့ လူးလွန့်လိုက်ပေမဲ့ ဝမ်ယောလ်က ဆင်းခွင့်မပေးပဲ ဆက်ပွေ့ထားသည်၊၊ အိပ်ယာထက် အရင်ချပေးပြီးမှ အပေါ်ထပ်ကို ချွတ်ပေးလာသည်၊၊

ဦးခေါင်းထက် ပန်ဆင်ထားရသည့် တန်ဆာကိုလည်း ဖြည်းဖြည်းချင်း ချွတ်ပေးသည်၊၊ အတားအဆီး မရှိ ကျဆင်းလာသည့် ဆံနွယ်ရှည်ရှည်တို့သည် သင်းပျံသော မွှေးရနံ့က စွဲငြိနေသည်၊၊

ဘတ်ဟျွန်းက မေးလာသည်၊၊
" အရှင်မင်းကြီး .. အစောကြီးရှိသေးတယ်
အနားယူတော့မလို့လား "

" မင်း ပင်ပန်းနေတယ်မလား"

ခြေထောက်တွေကိုပါ စောင်နဲ့ဖုံးပေးပြီး အိပ်စက်စေဖို့ အတင်းကို ပြင်ဆင်ပေးနေသည့် မင်းကြီးကြောင့် ဘတ်ဟျွန်းမှာ ပြူးကြာင်ကြောင်နှင့် ငေးကြည့်နေရသည်၊၊

Dragon's Blade   [ Season-2 ] Où les histoires vivent. Découvrez maintenant