DB-37

24.7K 2.2K 122
                                    


မယ်တော်ကြီးသည် ကလေးနှစ်ယောက်လုံးကို ကြင်ယာတော်ဝမ်အွန်းဘေး၌ ချထားပေးလိုက်သည်။ မည်သူ့လက်ထဲမဆို အငိုမပျက်မပြတ်သည့် ကလေးတို့သည် အိပ်ရာခင်းပေါ် ချပြီးသည်နှင့် တစ်အဲအဲ နဲ့သာ အသံပြုသည်။

ဘေးတစ်ဖက်မှ ဝမ်ယောလ်သည် အေးစက်နေသော လက်လေးတစ်ဖက်ကို ယခုထက်ထိ မလွှတ်ပေးသေးပဲ ဆက်လက် ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

ဘေးစွန်မှ ကလေးနှစ်ယောက်ကို ကြည့်ပြီး ဝမ်ယောလ် မျက်ဝန်းတို့က စိုစွတ်လာသည်။ ဆုံးရှုံးမှုသည် သူတစ်ဘဝလုံးစာ အတွက် တန်ဖိုးမရှိတော့သလို ခံစားနေရသည်။

" မင်းမရှိပဲ သူတို့လေးတွေကို ဘယ်လိုစောင့်ရှောက်ရမလဲ"

နိုးထမလာသူကို ဝမ်ယောလ် ရင်ခွင့်ထက်သို့ ပွေ့ချီရင်း ဖက်ထားမိသည်။ အသက်ရှုငွေ့နွေးနွေးတို့နှင့် သူ့ရင်ခွင်ထက် အမြဲ အိပ်စက်တက်သူသည် ယခုတော့ သူကို စိမ်းကားစွာ အေးစက်နေခဲ့သည်။

ကုတင်၏ နောက်နားတွင် အရုပ်ကြိုးပြတ် ထိုင်ချကာ မှိုင်တွေနေသည့် မင်ဆော့ရှိသည်။ ဖြစ်ရပ်တစ်ခုလုံးကို ခြုံငုံပြီး စဉ်းစားကြည့်သည်။ ညီငယ်ဖြစ်သူသည် အဆိပ်ကြောင့်သာမဟုတ်လျင် လမစေ့ပဲ မွေးဖွားခဲ့လျင်တောင် ကောင်းစွာ နိုးထနိုင်ဦးမည်။ အရာရာကို နားလည်မှုထားပြီး ခွင့်လွှတ်မြဲနေခဲ့သည့် သူသည် ဒီတစ်ခါတော့ အဆိပ်ခတ်သူကို နာကျင် မုန်းတီးမိသည်။

အနှီးထုတ်လေးနှစ်ခုသည် ဘေးချလျက်နှင့် ဝမ်ယောလ်မင်းကြီး၏ ရင်ခွင်ထဲတွင် ကြင်ယာတော် ဝမ်အွန်းသည် ငြိမ်သက်နေဆဲ ဖြစ်သည်။

................ ................. ...................

" အွန်းလေး... "

ခေါ်နေသံတွေကြားရပေမဲ့ သူ ဘာမှ မမြင်ရဘူး။ သူ့ရှေ့ရော နောက်မှာပါ မြူတွေရစ်သိုင်းပြီး အုပ်ဆိုင်းနေတယ်။ သူ့ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်စက်တွေသည် မည်သူ ငိုချနေသနည်း။

အရမ်းကို ဝမ်းနည်းနာကျင်နေတဲ့ ခေါ်သံကို ကြားရပေမဲ့ သူမသွားတက်နေဘူး။ မြူတွေဆိုင်းနေတဲ့ လွင်ပြင် ကျယ်ကြီးမှာ သူ လမ်းပျောက်နေတယ်။

Dragon's Blade   [ Season-2 ] Where stories live. Discover now