တောင်ပေါ် ရေတံခွန်ရှေ့ ပန်းပေါင်းစုံနှင့် အပင်တို့က ထူထပ်သိပ်သည်းလွန်းနေသည်။ တောင်ကမူလေးပေါ် ဝါးတဲအိမ်ငယ် တည်ဆောက်ပေးပြီး ရေတံခွန်နှင့် တောင်စောင်းပေါ်မှ ပန်းတို့အား ငေးကြည့်နေဖို့ရန် ဖြစ်သည်။
တဲအိမ်ငယ်လေးသည် ရှုခင်းသာကြည့်ဖို့ သက်သက်ပဲ ဖြစ်တာမို့ စားပွဲဝိုင်းနှင့် ထိုင်ခုံတွေသာ ချထားလေသည်။ စားပွဲတွင် စားဖွယ်အစုံနှင့် သောက်ဖွယ်အစုံ ချထားသည်က အလိုရှိရာ သုံးဆောင်နိုင်ဖို့ ရည်ရွယ်၍ပင်။ အသီးအနံှတို့၏ မွှေးရနံ့တို့ကြောင့် တောကောင်ငယ်လေးတို့ အနီးအနားမှာ ပုန်းလျှိုးကွယ်လျှိုး ပြေးလွှားနေကြသေးသည်။
ဝမ်ယောလ်၏ အကြည့်တို့သည် ရေတံခွန်ကြီးအား နောက်ခံထား၍ အရောင်ဖျော့သော ဝတ်ရုံလေးနှင့် ကြင်ယာတော်လေးအား ငေးကြည့်နေပေ၏။
ဘတ်ဟျွန်းသည် တဲအိမ်ငယ်လေး၏ အတွင်း၌ ရေတံခွန်ထံ မတ်ရပ်လေးနှင့် ငေးကြည့်နေပါ၏။ လက်ထဲအပြည့် နီညိုရောင် ဘယ်ရီသီးတို့ကို ကိုင်ဆောင်ထားပြီး တစ်လုံးပြီးတစ်လုံး ဝါးမြုံ့နေပေသည်။ သူ့အကြည့်တို့က ရေတံခွန်၏ ရေစီးသန်မှု၊ ရေအရှိန်ကြောင့် ယိမ်းနွှဲ့သွားရသည့် တောင်ကမ်းပါးယံက ပန်းပွင့်တို့ကို အသေအချာကြည့်၍ မှတ်ယူနေသည်။ ခံတွင်းလေးကလည်း တစ်မြုံ့မြုံ့နှင့် စိတ်အားထက်သန်နေသော အကြည့်တို့ကလည်း အရောင်တစ်လက်လက်နှင့် ။
ဒီနေရာမှာ သူရဲ့ စုတ်တံနှင့် ကားချပ်သာ ပါခဲ့ပါလျင် နှစ်ခါထပ်မစဉ်းစားပဲ ရှုခင်းအလှကို ဆွဲမည်မှာ အသေအချာ။
" ဝမ်အွန်း... ဒီကို လာထိုင်ဖို့ သင့်ပြီ "
လှည့်ကြည့်လာသော ဘတ်ဟျွန်းသည် ယခုမှ သူ့နောက်မှာ ဝမ်ယောလ်ရှိနေသည်ကို သတိပြုမိသည့်နှယ်။
ဝမ်ယောလ်အနားသို့ ဘတ်ဟျွန်း ဝင်ထိုင်ရင်း လက်မှ ဘယ်ရီသီးအကျန်တို့ကို ကြွေပန်းကန်လုံးထဲ ထည့်လိုက်သည်။
" မင်းခုနတည်းက အဲ့အသီးတွေ စားနေတာ... လျှာထုတ်ကြည့်စမ်း.. မနေ့ကလို လျှာတွေ အရောင်းပြောင်းနေပြီလားမသိ "
STAI LEGGENDO
Dragon's Blade [ Season-2 ]
Narrativa StoricaWarning .. Mperg Covered by @LenCo graphic Shop