တောင်ပိုင်းအင်ပါယာ၏ အိမ်ရှေ့စံသည် သင်္ဘောကမ်းမကပ်သေးခင်ကပင် ခုန်ဆင်း နှင့်နေပြီ။ သူ့ရဲ့ ကိုယ်ဖော့နိုင်စွမ်းက ရေအောက်ထဲထိ ထိုးမကျသွားစေပဲ ရေပေါ်တွင်ပဲ သက်သက်သာသာ ပြေးလို့ သွားစေသည်။
အစောင့်များကလည်း သူတို့ အိမ်ရှေ့စံ ပြေးလာတာကို မြင်ရတည်းက အတားအဆီးတွေ ဖယ်ပေးနှင့်ထားပြီး အရိုသေပြုကာ စောင့်နေကြသည်။
လူတိုင်းက သူတို့မင်းသားရဲ့ ပြေးလာပုံကို ကြည့်ပြီး ဝမ်းသာနေကြသည်။ လွန်ခဲ့တဲ့ လများက အဖေရော၊ သားရော၊ မှောင်မဲ နေတဲ့ မျက်နှာထားနဲ့ ပြုံးပျော်သည် ဆိုတာကို ပင် မေ့လျော့နေကြသလို ဖြစ်နေသည်။
ဝမ်ဂျွန်သည် သူလာသည်ကိုပင် အသိပေး မအော်စေတော့ပဲ ချက်ချင်း မင်းကြီး၏ တဲကို အလောတစ်ကြီး ဖွင့်ဝင်တော့သည်။ ပထမအခန်းထဲတွင် စားပွဲတွေ၊ ထိုင်ခုံတွေနဲ့ ပစ္စည်းတွေ ထားရာအခန်းဖြစ်ပြီး နောက်ထပ် အခန်းတံခါးတစ်ခုကို ပြန်ဖွင့်ရတော့သည်။ ထိုအခါ အိပ်ရာခင်းဖြူဖြူထက်မှာ ဖြူနုသော သူ့ဖခင်ကို တွေ့လိုက်ရသည်။
ဘတ်ဟျွန်းက လက်နှစ်ဖက်က ဆန့်တန်းလာသည်။
ဝမ်ဂျွန်သည် တစ်ချိန်လုံး မြိုသိပ်ထားနိုင်ခဲ့သည့် ဝမ်းနည်းမူကို တောင့်မခံနိုင်တော့ပဲ မျက်ရည်များ ကျလာရသည်။ လျင်လျင်မြန်မြန်ပဲ သူ့အဖေလက်ကြားထဲ ပြေးဝင်လိုက် တော့သည်။
" ခမည်းတော်... ခမည်းတော်ကို မတွေ့ရတော့ဘူး ထင်ပြီး အရမ်းလန့်နေခဲ့တာ!!"
" ခမည်းတော်က ပိန်သွားလိုက်တာ!!!"
တစ်အီးအီးနဲ့ ငိုနေကာ ဘတ်ဟျွန်း ရင်ဘတ်တွင် မျက်ရည်များ ရွှဲစို သွားသည်။ ဝမ်ဂျွန်မှာ ကြမ်းပြင်တွင် ဒူးထောက်ထားလျက် ကုတင်ပေါ်ရှိ ဘတ်ဟျွန်းခါးအား တင်းနေစွာ ဖက်လျက် ရင်ဘတ်တွင် မျက်နှာအပ်ကာ ငိုကြီးချက်မနဲ့ ငိုနေတာ ဖြစ်သည်။
ဘတ်ဟျွန်းလည်း သူ့သားကျောပြင်ကို ဖက်ထားပေးကာ နှစ်သိမ့်စွာဖြင့် ခပ်ဖွဖွ ပွတ်ပေးနေသည်။ သူ့သားက ဒီတစ်လောမှာတောင် ကြမ်းတမ်း ကြီးထွားလာတာကို သြောချလောက်စရာ ဖြစ်သည်။ စစဝင်လာချင်း ဝမ်ဂျွန် မျက်နှာကို သူမှတ်မိပေမဲ့ သူ့အနားရောက်လာမှ ရှည်လျားသောအရပ်နှင့် တုတ်ခိုင်သော လက်မောင်းသားတို့ကို မြင်ပြီး သူမအံသြပဲ မနေနိုင်။
![](https://img.wattpad.com/cover/144161185-288-k394946.jpg)
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop