ဝမ်ယောလ် စစ်ဝတ်သံချပ်ကာ အပြည့်အစုံ
ုံဝတ်ဆင်ပြီးနန်းရင်ပြင်ကို ဆင်းလာခဲ့သည် ။အတူလိုက်ကြမဲ့ ဝမ်အင် ၊ ကိုယ်ရံတော် ဆူးနဲ့
ဂီ လည်း သံချပ်ကာအပြည်အစုံနဲ့ရှိနေပြီး
ရှေ့ပြေးတပ်သား ၂၀၀ ဟာလည်း ညတွင်းချင်း
မြင်းနဲ့ ဝတ်ရုံအပြည့် ဖြစ်နေသည် ။မသွားခင် ကိစ္စဖြတ်စရာတွေက ကျန်ရှိနေသေးသည်။
ညီလာခံခန်းမထဲကို ဝင်လာတော့ အမတ်တစ်ချို့က
မျက်နှာမကောင်း ။ ဘာအကြောင်းကြောင့် ဖြစ်နေလဲ
ဆိုတာ ဝမ်ယောလ် မေးနေစရာမလို ။နန်းတက်နှစ် ၇ နှစ်အကြာထိ နန်းဆက်မရနိုင်သေး
တဲ့အတွက် မိဖုရားရဲ့ အိမ်တော်မိသားစုတွေက
အပြိုင်အဆိုင် အနေနဲ့ ပထမဦးဆုံး သားဦးမွေးဖွား
နိုင်တဲ့ မိဖုရားကို မိဖုရားခေါင်ကြီးမြောက်တင်ပေးဖို့
ပြိုင်တူ လျောက်တင်ကြတော့သည် ။သားဦးသည်လည်း အိမ်ရှေ့စံဖြစ်စေပြီး
မိဖုရားသည်လည်း မိဖုရားခေါင်ဖြစ်တဲ့
တိုင်းပြည်ရဲ့ မိခင်နေရာကိုရမည်ပင်။ထို့အတွက် ဝမ်ယောလ် အမတ်တွေနဲ့မိဖုရားတွေ
စိတ်ကြိုက်ပြိုင်နိုင်အောင် အဆိုတင်သွင်းမှုကို
လက်ခံခဲ့ပြီး လွှတ်ထားပေးခဲ့သည် ။အခုတော့ သူတို့ရဲ့ ယှဉ်ပြိုင်မှုတွေက မိဖုရားတွေ
မဟုတ်ဘဲ အပြင်လူတစ်ယောက်ကို အခွင့်ရေး
ပေးလိုက်သလို ဖြစ်သွားတော့ အမတ်အုပ်စုတွေ
အုံကြွလာပြီး ကန့်ကွက်ကြောင်းစတင်လာသည်။" အရှင်မင်ကြီး...စဉ်းစားတော်မှုပါဦး ...!!
နိုင်ငံတော်ရဲ့ မိခင်နေရာမှာ အမျိုးသားတစ်ယောက်
ဆိုတာ တောင်ပိုင်းဇကရာဇ် ရဲ့ ဂုဏ်သိက္ခာကို
ထိပါးစေပါတယ်....."ဝမ်ယောလ် ချက်ချင်း မေးခွန်းထုတ်လိုက်မိသည်။
" ဒါဆို ... ၇ နှစ်ကြာတဲ့အထိ ကိုယ်ဝန်မဆောင်နိုင်တဲ့
မိဖုရားတွေက ငါကိုယ်တော်ရဲ့ ဂုဏ်သိက္ခာကို
တက်စေခဲ့သလား...!! "
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop