" ငါ....မင်း ကို ဒီထက်ပိုထိတွေ့ချင်မိတယ် "နားရွက်ဖျားအပေါ်က လေပူငွေ့တစ်ချို့နဲ့
ဗိုက်မှာ ဖက်တွယ်ထားတဲ့ လက်တစ်ဖက်
ဟာလည်း တင်းကြပ်လာသည် ။ထိုအခြေအနေက Baekhyun မလိုလား
ခဲ့တဲ့ ကိစ္စရပ်ကို ပြန်အမှတ်ရစေလာသည်မို့
နှုတ်ခမ်းပါးတို့ တဆတ်ဆတ် တုန်ယင်လာသည်။" ဝမ်အွန်း... "
လည်ချောင်းက အသံအိမ်သည်လည်း
ကြောက်စိတ်ရဲ့ကြီးစိုးမှုကြောင့်
နိုင်ငံရဲ့ မော့မကြည့်ရဲလောက်အောင်
အာဏာပြင်းသော ဘုရင်မင်းမြတ်ကို
လည်း ပြန်မဖြေကြားနိုင်.... ။" ဝမ်အွန်း ! "
" အင့် .. "
ဘေးတစ်စောင်းအိပ်ပျော်နေတဲ့ သူ့ကို
လှဲချလိုက်ပြီး သူ့ကိုယ်ပေါ်နေရာယူလာသည့်
ဧကရာဇ် မင်းကြောင့် ဖယောင်းတိုင်မီးနဲ့
အခန်းကြီးသည် လရောင်တွေဖြာကျနေတဲ့
မက်မွန်ပန်းတွေဝေရာ တောင်ပေါ်ကို
ပြန်ရောက်သွားသလို ပင်..." ငါ့ကို ခွင့်မလွတ်နိုင်ဘူး...မလား..."
မျက်နှာချင်းမဆိုင်ဘဲ တစ်ဖက်လှည့်ထားတဲ့
မျက်နှာကို မေးဖျားကနေ လှည့်ယူပြီး အကြည့်
ချင်းဆုံစေသည့် အခါ ကြောက်ရွံနေတဲ့
မျက်ဝန်းငယ်တို့က ရင်ထဲတစ်စစီမွကြေ
သွားသလို ။" ငါ့မှာ အပြစ်ရှိတာ မှန်ပေမဲ့ ...
အဲ့နေ့က ငါကိုယ်တိုင်လည်း ဘာမှ
မတက်နိုင်ခဲ့ဘူး.....! "နှူတ်ခမ်းပါးတို့ တင်းတင်းစေ့ကာ
ဘာမှမပြောတဲ့ ကြင်ယာလေးကြောင့်
သူပဲဆက်ပြောဖို့ ဆုံးဖြတ်လိုက်ရသည် ။" အခုလက်ရှိမှာ မင်းက ငါ့ရဲ့
တိုင်းသိပြည်သိ ကြင်ယာတော်ဖြစ်နေပြီ !
မင်းက ငါ့အပိုင် ! ... ဝမ်အွန်းဆိုတာ
ငါ့အတွက် ခေါင်းအစခြေအဆုံး အကုန်
ငါပိုင်တဲ့ လူသားတစ်ယောက်ဖြစ်သွားပြီ !
မင်းစိတ်ထဲ အတွေးကအစ ... ငါဝမ်ယောလ်ရဲ့
သက်ဆိုင်နေတာပဲ ဖြစ်ရမယ်...ဝမ်အွန်း..."
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop