မနက်ခင်းစိမ့်အေးအေး လေပြေက လက်ဆက်နေသောငြား တစ်ယောက်သောသူအတွက် ချော့သိပ်ပေးနေသလို ရာသီဥတု က သူ့ဘက်မှာ ရှိနေသည် ဆိုတဲ့ သဘော၊၊
လေးဘက်လေးတန်မှ စာမေးပွဲအား ကြိုးစားဖြေနေကြသူများ အကြား အလယ်ကောင်ထီးထီး၌ ထိုင်နေရသော မင်းသားငယ် ဝမ်ဂျွန်သည် ငိုက်မြည်းလို့ ကောင်းနေတုန်း ဖြစ်သည်၊၊ မေးခွန်းစာလွှာအား ပိတ်ကားထက် ပြပြီးသည်နှင့် အနှီမင်းသားသည် မိနစ်ပိုင်းမျှသာ တွေးခေါ်ပြီး ချရေးတော့သည်၊၊ ရေးပြန်တော့လည်း ဘယ်လောက်မှ မကြာ၊၊ စာရွက်လွှာနှစ်ခုကို သေသေသပ်သပ်နှင့် ရေးပြီးတာနဲ့ စုတ်တံကိုချကာ အိပ်ငိုက်နေရှာသည်၊၊
ပွဲစင်မြင့်ထက်မှ ဘတ်ဟျွန်းသည် စိတ်ရှိလျင် ယခုချက်ချင်း ထပြီး ငိုက်မြည်းနေသော သားတော်မောင် ဂုတ်ပိုးအား ခပ်နာနာလေး ချပစ်လိုက်ချင်နေသည်၊၊ ကျောတစ်ဆန့်ဆန့် လည်တစ်ဆန့်ဆန့်နှင့် ဂျွန်လေးကို ကြည့်ရသည်မှာ စိတ်မရှည် ဖြစ်နေသည်၊၊ အိပ်ငိုက်မှာဆိုး၍ စောစော အိပ်ရာဝင်ခိုင်းသည်ကို ညဘက်ဘာတွေ လုပ်နေလို့လဲ!
ဘတ်ဟျွန်းသည် အနီးအနားမှ မင်းကြီးကို ချက်ချင်း လှည့်ကြည့်လာသည်၊၊ ဘတ်ဟျွန်း စိုးရိမ်နေမှန်း ရိပ်မိပုံရသော မင်းကြီးသည် လေသံအေးအေးနှင့် ပြောလာလေသည်၊၊
" သူဖြေနိုင်လို့ စိတ်အေးအေးနဲ့ အိပ်နေတာပါ"
" ဒါပေမဲ့လည်း ... အားလုံးက စောင့်ကြည့်နေတဲ့ ပွဲမှာ အလေးမထားသလို အိပ်ငိုက်နေလို့ ဘယ်ဖြစ်မလဲ!"
" ပင်ပန်းလို့ဖြစ်..."
" ပင်ပန်းတယ်? နေပါဦး.. အခုမှ သတိရတယ်.. မင်းကြီး ညဘက်ကြီး သွားစရာရှိတယ်ဆိုပြီး သွားတာ ဂျွန်လေးဆီကိုလား ... ဘာတွေသင်နေလို့ သားတော် ပင်ပန်းသွားပါလိမ့်!"
စကားမဆုံးခင် ချက်ချင်းအကဲဖမ်းသော ကြင်ယာတော်ကြောင့် ဝမ်ယောလ်သည် နှုတ်ဆိတ်သွားရသည်၊၊ ခပ်တည်တည်နှင့်ပင် ရှိနေသော်လည်း အပြစ်ရှိသည့် မျက်ဝန်းတို့က ဂနာမငြိမ်၊၊တောင်ကြည့်မြောက်ကြည့်နှင့်၊၊
" ညဘက်စောစောအနားယူဖို့ ပြောထားတာကို မင်းကြီးကတော့... လုပ်ပြီ "
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop