အနောက်ပိုင်း အင်ပါယာက သူတို့ရဲ့ နိုင်ငံ တစ်ဝက်လောက် ကျရှုံးခဲ့ရပေမဲ့ သူတို့မှာ မြို့တော်ယူရေးဆိုက်ကလပ်ကို ထိန်းသိမ်းဖို့ အင်အားကျန်သေးသည်။ သူတို့က နန်းမြို့တော်ကို ထိန်းထားနိုင်တယ်လို့ တွေးထားပေမဲ့ အလွန်ဆုံး နှစ်လပဲ ခံနိုင်လိုက်ကြတယ်။
သူတို့ရဲ့ အဓိက ကုန်စည်ရိက္ခာပို့တဲ့ မြို့သစ်ဝိုင်းက ကျဆုံးသွားပြီမို့ နန်းမြို့မှာ ရိက္ခာအလုံအလောက် မရှိတော့ဘူး။ နီးစပ်ရာနိုင်ငံတွေဆီ ထွက်ပြေးသွားတဲ့ သူဌေးတွေ၊ အရင်းရှင်တွေကလည်း ကျန်ခဲ့တဲ့ သူတို့နိုင်ငံနဲ့ အလုပ်တွေ၊ ကျွန်တွေကို ဂရုမစိုက်နိုင်တော့ဘူး။ သူတို့က ဒေါသူပုန်ထနေသော တောင်ပိုင်းအင်ပါယာရှင်ကို ရင်ဆိုင်ဖို့ သတ္တိမရှိတာ ဖြစ်သည်။
နှစ်လအတွင်းမှာ စစ်ပွဲပေါင်းများစွာ ဖြစ်ကြသည်။ တောင်ပိုင်းတပ်တွေက အလျင်မလိုသလို ပုံစံနဲ့ အနောက်ပိုင်း တပ်တွေရဲ့ အင်အားယုတ်လျော့ လာမူကို သည်းခံစောင့်စားနေတာ ဖြစ်သည်။ မကြာခင်ငတ်ပြတ်တော့မည့် အနောက်ပိုင်း အင်ပါယာကို သိမ်းဖို့က လွယ်လွန်းသည်။
အခြေအနေက ခန့်မှန်းထားသည့် အတိုင်းပင် ဧကရာဇ်ဂျင်းက သူ့စစ်သားတွေ ငတ်ပြတ်မဲ့ အချိန်ကို မစောင့်ခိုင်းဘူး။ နောက်ဆုံးမှာ အသေးစားစစ်ပွဲတွေအစား အဆုံးသတ် စစ်ပွဲကို ဦးတည်လာသည်။
ဂျင်းကိုင်ရိုလာက မြောက်များစွာသော တောင်ပိုင်းစစ်သားတွေကို ကြည့်ပြီး မုန်းတီးစွာ ဆိုမိသည်။
" ဒီလောက် တစ်နိုင်ငံလုံး လိုက်သိမ်းနေတာတောင် သူတို့ ခြေကုန်လက်ပန်းမကျသေးတာလား"
" အရှင်မင်းကြီး... တောင်ပိုင်းဧကရာဇ်နဲ့ အိမ်ရှေ့စံက နီးနီးကပ်ကပ်မှာ ရှိနေပါတယ်"
အနောက်အင်ပါယာစစ်သူကြီးက မှန်ပြောင်းကို ဧကရာဇ်ဂျင်းဆီ ပေးလိုက်သည်။ ဧကရာဇ်ဂျင်းက တစ်ဖက်ရန်သူ သားအဖကို အလျင်အမြန်ပဲ ကြည့်လိုက်သည်။
ဒါက သူဖမ်းခေါ်လာတဲ့ ကြင်ယာတော်ရဲ့ သားကြီးဆိုသူပေါ့ !
ရုပ်ချင်း ခပ်ဆင်ဆင် အမျိုးသားနှစ်ယောက်က ရွှေရောင် သံချပ်ကာများနဲ့ ဓားကို အသင့်ကိုင်ထားသည်။ ဧကရာဇ်ဆိုသူမှာ ပထမဆုံး စစ်ပွဲကို ထိပ်တိုက် ထွက်သောအချိန် ဖြစ်တာမို့ ရှင်းလင်းစွာ တွေ့မြင်ရသည်။ မဲမှောင်နေသော မျက်နှာထားရယ်၊ ရှိန်စရာကောင်းအောင် ပေါက်နေသော နှုတ်ခမ်းမွှေးရေးရေးတွေ ကြောင့် အတန်သင့် အသက်ရနေပြီဆိုတာ သိသာလှသည်။
![](https://img.wattpad.com/cover/144161185-288-k394946.jpg)
VOUS LISEZ
Dragon's Blade [ Season-2 ]
Fiction HistoriqueWarning .. Mperg Covered by @LenCo graphic Shop