" အော့ ... ဝေါ့ !!!"သဘောၤလက်ရန်းကို ကိုင်လျက် ထိုးအန်နေရှာသည့် မင်းသားငယ် ဝမ်ဂျွန်သည် အန်စရာ ကုန်ခမ်းနေသော်ငြား အရည်တွေသာ အဆက်မပြတ် အန်ကျလာသည်၊၊
" ငါ့သားတော်က သဘောၤမစီးဖူးသေးလို့ ဖြစ်တာပဲ! အန်သာအန်ချလိုက် သားတော်! မကြာခင် အသားကျသွားလိမ့်မယ်"
ဝမ်ယောလ်သည် နောက်ပါးကနေ၍ လှမ်းအားပေးသည်၊၊ သားတော်အနားကပ်၍ ့ပြုစုဖို့ ရာ သားတော်၏ အထိန်းတော်နှစ်ဦးက ပျာယာနေအောင် ပြုစုနေ သောကြောင့် သူတိုးမပေါက်ပေ၊၊
အန်ပါများပြီး ပျော့ခွေချင်နေသည့် ဂျွန်လေးသည် အဖြူနှင့် အပြာနုရောင် စပ်ထားသည့် ဝတ်ရုံပိုင်ရှင်ထံ လှည့်ကြည့် လာ၏၊၊
" အဲ့တာ ခမည်းတော်ဝမ်အွန်းကြောင့်!"
" ဘာ!"
ဘတ်ဟျွန်းသည်လည်း လှေမူးနေပြီကြောင့် ဆူးကို ထိန်း၍ ကိုင်ထားရသည်၊၊
" ဟုတ်တယ်လေ! ဘတ်ဆန်းမှာတုန်းက ခမည်းတော်မှ ကျွန်တော့်ကို မြစ်ထဲလဲမဆင်းခိုင်း! သဘောၤပေါ်လဲ မလိုက်ခိုင်းနဲ့... ခုတော့.... အော့!!"
" ဘာဆိုင်လို့လဲ .. အု!"
ဘတ်ဟျွန်းသည်လည်း ငြင်းခုန်ဖို့ရာ ပြင်ရင်း ရင်ဘတ်အတွင်းမှ ပျို့တက်လာလေပြီ၊၊
" အော့ !"
" ဝမ်...ဝမ်အွန်း မင်းသား!!"
ဆူး၏ အသံကြောင့် ဝမ်ယောလ်နှင့် ဂျွန်လေးသည် အထိတ်ထိတ် အပျာပျာနှင့် လှည့်ကြည့်လာသည်၊၊
" အွန်းလေး..."
သားတော်နှင့်ကျ တည်တည်ငြိမ်ငြိမ်နှင့် အားပေးနေခဲ့သော မင်းကြီးသည် ကြင်ယာတော် အန်နေသည်ကျ တစ်စက္ကန့် မဆိုင်း အပြေးသွား၍ ကျောကုန်းကို ပွတ်ပေးနေသည်၊၊
ဆူးသည် ငိုသံကြီးနဲ့ ဆက်၍ ပြောလာသည်၊၊
" ဒီရက်ပိုင်း ကြင်ယာတော်က အစားသိပ်မဝင်လို့ မနည်းကျွေးထားရတာကို !!"
စားထားသမျှ အန်ချလိုက်တာကြောင့် ဘတ်ဟျွန်းသည် ပြောဖို့ပင် အားမရှိလေတော့၊၊ ဝမ်ယောလ်သည်လည်း ဘာလုပ်လို့ ဘာကိုင်ရမည်မှန်းမသိတော့၊၊ သမားတော် ဂင်မင်ဆော့လည်း မပါလာလေတော့ ကူကယ်ရာမဲ့ နေသလိုခံစားရသည်၊၊
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop