နာရီဝက်ကြာ မရပ်မနား ပြေးခဲ့တာလျှင်ပင် ခရီးမတွင်နိုင်ပဲ ရှိနေသည့်အတွက် ဆူးသည် အံသြထိတ်လန့်မှု ဖြစ်တည်လာသည်။ တောင်ပိုင်းဒေသ၏ မည်သည့်နေရာမဆို အလွတ်နီးနီးရနေသည့် လူတစ်ယောက် ဖြစ်သည့်အပြင် မည်သူမျှ လိုက်မမှီနိုင်သည့် ခြေထောက်တွေလည်း ရှိနေပါလျက်နှင့် ယခုထက်ထိ ဂန့်ဝေါတောင်တန်းဒေသကနေ မထွက်နိုင်သေးတာကို ကြောက်ရွံ့လာသည်။
" ဆူး... ဆက်မပြေးပါတော့နဲ့လား "
လှည်းအတွင်းမှ အားနာသံလေးသည် သူ့အတွက် နှစ်ဆပိုအားနာရသည်။
" ကျွန်တော်မျိုးမ မောနေလို့မဟုတ်ဘူး... ဒီထဲက မထွက်နိုင်တာကို... "
" ကြည့်ရတာ တောခြောက်နေပြီထင်တယ်။ ဒါမှမဟုတ်လဲ ဟိုဘက်ကဘာမှန်းမသိတာတွေနဲ့ မျက်စိလည်အောင် လုပ်ထားတာ နေမယ်"
ဆူးသည် စိတ်မငြိမ်နိုင်တော့။
" ကြင်ယာတော် ရေသံတွေကြားတယ်မလား! ကျွန်တော်မျိုးတို့ ပြေးလာတာပဲ နာရီဝက်မကတော့ဘူး... အဲ့တာကို မြစ်နဲ့ ခုထိ နီးနီးလေးရှိနေသေးတယ်"
ဆူး၏ နာရီဝက်ပြေးအားသည် နယ်မြေတစ်ခုစာ ရှိသည်။ ဂန့်ဝေါလို တောတန်းဒေသငယ်လေးဆိုလျှင် မိနစ်အနည်းငယ်အတွင်းမှာပင် နောက်တစ်နယ်ကို အမြန်ဆုံးရောက်နိုင်သည်။
" ဆူး.... စိတ်အေးအေးထား.. "
" ကျွန်တော်မျိုးက အသုံးမကျလိုက်တာ.. "
" မဟုတ်ဘူး... "
ကိုယ့်ကိုယ်ကို အားမလိုအားမရ အပြစ်တင်နေသည့် ဆူးအနားသို့ ဘတ်ဟျွန်း ဆင်းသွားလိုက်သည်။
" ဆူး.. ခဏလောက် ထိုင်နားဦး.. "
" ကျွန်တော်မျိုးတို့မှာ.. အချိန်မရှိဘူး.. "
" ခဏပဲထိုင်ပါဦး.. "
ဆူးအား လှည်းနောက်စွန်းတွင် ထိုင်နားစေလိုက်သည်။ ဘတ်ဟျွန်း စိတ်ပူနေသလိုမျိုး ဆူးတွင် အမောစို့နေတာမျိုး မရှိ။ ခြောက်ခြား ကြောက်လန့်နေတာမျိုးသာ ရှိသည်။
အနီးအနားရှိ တောတိုးသံများသည် ခပ်စိတ်စိတ် ကြားနေရသည်။ သူတို့ ရောက်နေရာသည် တောချုံတွေ ပတ်ပတ်လည်နှင့် လာရောက်ရင် ခက်ခဲလှသည်။
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop