DB-92(အိမ်ရှေ့စံမိဖုရားလောင်း-၃)

5.9K 1K 65
                                    

အိမ်ရှေ့စံမိဖုရားလောင်း-၃

မိန်းကလေးငယ်များ၏ နေထိုင်ရာအဆောင် တော်သည် အနောက်မောင်းမဆောင်နှင့် နီးကပ်လေသည်။ အင်ပါယာ၏ အကြီးဆုံးသော နန်းတော်ကြီး ဖြစ်သည့်တိုင် မောင်းမဆောင်တွင် တစ်ဦးတစ်လေမျှ မရှိ။

မရှိရခြင်းမှာလည်း ဝမ်ယောလ်မင်းကြီးက မိဖုရားလေးပါးကို နိုင်ငံရေးအခြေအနေအရ လက်ဆတ်ခဲ့ရပြီးနောက်တွင် နန်းဆက်မရှိလေသဖြင့် အခြားသော ကြင်ယာတော်၊ ကိုယ်လုပ်တော်တို့ကို ထပ်ယူဖို့ ဖိအားရှိခဲ့ပြန်သည်။ သို့ရာတွင်လည်း အလုပ်ရှုပ်လှသော မင်းကြီးမှာ နိုင်ငံတော် ဘဏ္ဍာများအား အခန့်သား နန်းတော်ထဲထိုင်နေသူများကို မပေးချင်ဟူသော ရည်ရွယ်ချက်ဖြင့် ပြန်ငြင်းခဲ့လေသည်။

လက်ရှိတွင် မိဖုရား သုံးပါးသာ ရှိတော့ပြီး ထိုထဲမှ အသက်ကြီးဆုံး မိဖုရားမှာ ကျန်းမာရေးကြောင့် နေရပ်ကို ပြန်လိုကြောင်း ပြောပြီး အပြီးတိုင် ထွက်ခွာသွားလေသည်။ ကျန်မိဖုရား နှစ်ပါးမှာ လက်ဆုပ်လက်ကိုင် အာဏာဟူ၍ မရှိပေမဲ့ တစ်သက် စားမကုန်သော စည်းစိမ်တို့ ရှိသေးသည်။ သူတို့သာ နိုင်ငံရေးနှင့် ကြင်ယာတော် ဝမ်အွန်းကို မထိပါးရင် အင်ပါယာရှင်၏ မိဖုရားများအဖြစ် ကံကုန်သည်အထိ အကျိုးခံစားခွင့်ရသည်။ ဤသည်ကိုလည်း သူတို့နှစ်ဦးက လက်ခံထားသည်။

သို့နှင့် မိန်းမငယ်လေးများက ပိုင်ရှင့်မဲ့နေလေသော အနောက်နန်းဆောင်ကြီးကို ကြည့်၍ လှပသော ခြံဝန်းအချို့ကို မျက်စောင်းခဲနေကြသည်။ သူတို့ ကြားရသလောက်ကတော့ အိမ်ရှေ့မင်းသားမှာ အလွန်တစ်ရာ နူးညံ့လှပြီး ဖော်ရွေသော သူဖြစ်သည်ဟု။ မိန်းမငယ်များ ထဲတွင် ဝမ်ဂျွန်နှင့် ယောရိုဝန်းတွင် အတူတက်ခဲ့ဖူးသော မင်းသမီးအချို့ ရှိနေ၍ သူတို့၏ ပြောကြားမူများဖြင့် မိန်းမငယ်များက ပိုစိတ်လှုပ်ရှားနေကြသည်။

အိမ်ဆောင်တစ်ခုတွင် မိန်းကလေး အယောက်၂၀ နေလို့ရသည်။ အခန်းတစ်ခုတွင် နှစ်ဦးမျှနေ၍ ၁၅ ရက်တာ ပြိုင်ပွဲကြီးကို ဖြတ်သန်းရပေမည်။ စာပေ၊ ပန်းချီ၊ တို့အပြင် အခြားသော အနုပညာ တက်ကျွမ်းနားလည်မူများ အပေါ် အခြေခံ၍ ရွေးချယ်ကြမည်ဟု သိထားကြသည်။

Dragon's Blade   [ Season-2 ] Where stories live. Discover now