DB-21

33.2K 2.3K 94
                                    

" ဆိုပါဦး ... အစောပိုင်းက ကိုယ်တော့်ကို အမြင်မကြည်ဖြစ်သွားတယ် မလား ..  တစ်ခြားသူနဲ့ သဝန်တိုနေတာပဲ မလား ..."

ရင်ခွင်အောက်ဘက်မှ ချွေးစေးတို့ အပြိုင်နေရာယူထားသည့် မျက်နှာနီရဲရဲသည် ကြည့်မဝနိုင်အောင် ရှိလှသည်၊၊

နှုတ်ခမ်းပါးနှစ်ခု တင်းတင်းစိလျက် တင်းခံနေသည့် သူလေးသည် သူ့စကားကြားသည်နှင့် ချက်ချင်းပင် ရန်လိုသည့် မျက်စောင်းလှလှတို့ ထွက်ပေါ်လာသည်၊၊

" ကျွန်တော် သေချာပြောပြီးပြီနော် !
အရှင့်ကို လုံးဝ .. အာ့ မကိုက်.. ဖယ်!
ဆက်ပြောမယ်.. လုံးဝ သဝန်မတိုဘူး "

" အဲ့လိုလား ... "

" အဲ့လို့ပဲ.. အင့် ... ခဏ"

ဉာဏ်များလှသော မင်းကြီးသည် ကြင်ယာတော်လေး၏ အသိစိတ် တစ်ခြားသို့ ရောက်နေခိုက် အလစ်ချောင်း၍  အတင်းတိုးဝင်သည်၊၊

လှုပ်ရှားမှူကို ကြမ်းတမ်းခြင်းလည်းမဟုတ် နှေးကွေးခြင်းလည်း မဟုတ်၊၊ အားအင်ပါပါနှင့် ခပ်မြန်မြန် လှုပ်ရှားမှု ပြုသည်၊၊ လက်မောင်းလက်ဖျံတို့ထံ တင်းတင်းကြပ်ကြပ် ဆွဲကိုင်လာသည့် အကြင်သူ လက်ဖျားတို့သည် တုန်ရီနေသည်ကို သတိပြုမိသည်၊၊

နွေးထွေးကြပ်တည်းမှုကို အသာအယာ ခံစား၍ လှပမှု အစုစုတို့သည် တစ်ချက် ငုံ့ကြည့်ရုံဖြင့် ဖြည်းဆည်း ပေးနေသည့် ဖြူဖွေးလုံးသည် နီထွေးလုံး သဏ္ဌာန်ပြောင်း နေကြောင်း တွေ့ရသည်၊၊

တုန်ရီလှိုက်မောနေသည့် နီစွေးစွေး ခန္ဓာကိုယ်သည် သူ့ပယောဂမကင်းသည့် အကွင်းလိုက် ကိုက်ရာများ အပြည့်၊၊ မတက်နိုင်၊၊ ထိုသူလေး၏ မွှေးပျံ့ပျံ့ လုံးတစ်တစ် အသားစိုင်တို့သည် ထိန်းချုပ်မရအောင် စွမ်းဆောင်နိုင်သည်၊၊ အကြင်သူလေး၏ လည်တိုင်တို့သည် ကိုက်ရာအပြည့်၊၊ လက်မောင်းသားတို့ပါ မကျန် အသည်းယားစွာဖြင့် ကိုက်ဆွဲမိထားသည်၊၊

" အား အွန်းလေး .... "

နာကျင်မှုတွေကြားက ဘတ်ဟျွန်း မျက်ဝန်းတို့ မပီမပြင် ပွင့်လာရသည်၊၊ "အွန်းလေး" ဟူသော အမည်နာမ ကြားရသည်တိုင်း တစ်လှပ်လှပ် ခုန်လှုပ်လာသည့် ရင်ဘတ်တွင်း တစ်နေရာကြောင့် ခေါ်ဆိုသူအား မော့ကြည့်မိသည်၊၊

Dragon's Blade   [ Season-2 ] Where stories live. Discover now