မွေးနေ့ရှင် မင်းသားငယ် နှစ်ပါး၏ အိပ်ခန်းတွင် ဖြစ်သည်။နူးညံ့သော အိပ်ရာခင်း ထူထူများ အပြင် တံတောင်ဆစ်ချိုး အနိမ့်သာသာ ကုတင်သည် ဘေးပတ်လည်၌ မင်းသားနှစ်ပါး လူးလိမ့်ပြီး ပြုတ်မကျစေရန် စောင်အထူများ၊ ခေါင်းဦးများနှင့် ကာရံထားသည်။
ကုတင်ထက်မှ မင်းသားနှစ်ပါးသည် ခေါင်းရင်းထက် ကျောမှီကာ၊ စာအုပ်ကိုင်ထားသော သူတို့ ဖခင်ကို ကြည့်နေကြသည်။
ဘတ်ဟျွန်း စာရွက်တစ်ရွက် လှန်ရင်း ကလေးတွေကို ကြည့်လိုက်သည်။ သူတို့ အစ်ကိုကြီး ဝယ်လာပေးသည့် နို့ဘူးကိုယ်စီနှင့် တစ်ပြွတ်ပြွတ် မြည်အောင် သောက်နေရင်း သူ့ကို ကြည့်နေသည်မှာ အသည်းယားစရာ။
အစကတော့ဖြင့် ချိုလိမ်(နို့ဘူးခေါင်း) ကိုကြည့်ပြီး ကြောက်နေကြသော သူ့သားတွေသည် သူတို့ မဟုတ်တော့သည့် အတိုင်း။ နို့ဘူး တစ်ယောက် တစ်ဘူးစီနှင့် သူပုံပြောပြတာကို အငြိမ်သား နားထောင် နေကြသည်။
" ပါးပါးသားတွေက ငြိမ်တဲ့ အချိန်လည်း ရှိတာပဲ.. "
သူ့အပြောကို နားလည်သည့်နှယ် ပေါက်ခါစ သွားလေးတို့ စီတန်းကာဖြင့် ရယ်ပြ လာသည်။
ဘတ်ဟျွန်း ပုံပြောဖို့ စာရွက်ကို ထပ်ကြည့် လိုက်သည်။
" ဝံပုလွေကြီးက ဆက်ပြောလာတယ်.. သူတို့ နယ်မြေကို ကျော်လာတဲ့ ယုန်တိုင်းကို ဖမ်းမယ်တဲ့...... "
ပုံပြင် မဆုံးခင် အသက်ရှုသံလေးတွေ ကြားလိုက်ရသည်။ ကြည့်လိုက်တော့ ကလေးနှစ်ယောက်သည် အိပ်မောကျနေပြီ။ ပူဖောင်းလေးလို ဖြစ်နေတဲ့ ဗိုက်ကလေးတွေက အသက်ရှုလိုက်တိုင်း ဖောင်းလိုက်ပိန်လိုက်နဲ့။ နို့ဘူးလေးတွေလဲ တစ်နေရာစီ လဲကျနေသည်။
" အိပ်သွားကြပြီလား.. "
ဝမ်ယောလ် ညဝတ်လဲပြီးတာနဲ့ ဝင်ခဲ့တာ ဖြစ်သော်လည်း သားနှစ်ယောက်သည် အိပ်မော ကျသွားပြီ ဖြစ်သည်။ ကြည့်ရတာ ကလေးနှစ်ယောက်ဟာ သူတို့ မွေနေ့ပွဲမှာ ပင်ပန်းသွားတာ ဖြစ်မည်။
ဘတ်ဟျွန်း ကလေးတွေကို သေချာ နေရာချပေးရင်း စောင်တွေ ခြုံပေးနေသည်။ ပြီးမှ ဘေးမှ အထိန်းတော်တို့ဘက်ကို လှည့်၍ ပြောလာသည်။
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop