မယ်တော်ကြီးနန်းဆောင်မှ အပြန်ဖြစ်သည်။မိုးရာသီအကူးအပြောင်း ကာလမို့ ရာသီဥတုက ပူအိုက်လွန်းသည်။ ခြေတစ်လှမ်းကြွတိုင်း ချွေးတစ်စက ထွက်သီချင်နေသည်။ နန်းဝတ်နန်းစားနဲ့မို့ အထပ်ထပ် ဝတ်ဆင်ထားရသည်က ပိုဆိုးသည်။
မိမိအဆောင်ကို ပြန်ရောက်ရောက်ချင်း အထိန်းတော်တို့က ရေကို အရင်ဝအောင်သောက်ခိုင်းပြီး နားနေစေသည်။
" ကြင်ယာတော်လေး.. ခဏနားပြီး... ကြင်ယာတော်လေး... ကြင်... "
အထိန်းတော်ကြီးစကားသည် အဆုံးသို့ မရောက်လိုက်ရှာဘဲ ဖြစ်သွားသည်။ မျက်စိရှေ့မှ ကြင်ယာတော်မင်းသားသည် အပေါ်ရုံဝတ်ရုံရှည်များ တစ်စစီ ဆွဲချွတ်ပြီး ရေကန်ဘက် ရှိရာသို့ အပြေးသွားနေသည်။
" ရာသီဥတုက ပူလာတော့လဲ နည်းနည်းဆိုတာနဲ့ ချွေးထွက်လာပြီ... ဟဲဟဲဟဲ ရေစိမ်မယ် "
" မဟုတ်.. ကြင်ယာတော်လေး ရေချိုးပြီးပြီလေ!!! ထပ်ချိုးလို့ မဖြစ်ဘူးလေ ! ဆူးရေ တားပါဦး "
ဆူးသည်လည်း အပေါ်ဝတ်ရုံကွာနေပြီဖြစ်တဲ့ ဝမ်အွန်းမင်းသားကို မဆွဲရဲ မကိုင်ရဲနဲ့မို့ လက်တစ်ကာကာနှင့်။ ထိမိလို့ ကံဆိုးစွာနှင့် မင်းကြီးနှင့်တွေ့လျင် အကြည့်စူးစူးကို ရင်ဆိုင်ရပေဦးမည်။
တစ်လကျော်အတွင်း ပြည့်ပြည့်ဖြိူးဖြိူး ဖြစ်နေတဲ့ ခန္ဒာဖွေးဖွေးကို ချော်မလဲကျစေရန် အထိန်းတော်များ၊ အပျိုတော်များ ဝိုင်းဝန်းကာနှင့်။ ဘယ်သူ ဘယ်လောက်တားတား သူကတော့ ရေထဲစိမ်ကို စိမ်မည်ဟု သတ်မှတ်ထားပုံရသည်။
" ဒါက ဘာဖြစ်နေတာလဲ"
သြဇာသံအပြည့်အဝရှိသည့် နဂါးဝတ်ရုံတော်နှင့် မင်းကြီးသည် မျက်မှောင်ကုတ်လျက် အပျိုတော်၊ အထိန်းတော်တို့ ဝိုင်းကြီးပတ်ပတ် ဖြစ်နေသည့် အရေးအခင်းကို ကြည့်နေလေသည်။
အားလုံးသည် အရိုအသေပြုနေကြချိန် တစ်ယောက်သောသူမှာ မသိမသာလေးနှင့် ခိုးထွက်ကာ ရေကန်ထဲ ပလုံကနဲမြည်အောင် ဆင်းသွားလေသည်။
" အွန်းလေး!!!"
" .... ပလုံ!"
" မင်း... "
YOU ARE READING
Dragon's Blade [ Season-2 ]
Historical FictionWarning .. Mperg Covered by @LenCo graphic Shop