DB-83 (မီးအိမ်ရှင်မိဖုရားလောင်း-၂)

6.7K 1.5K 304
                                    

ကြယ်တာရာ တန်းသော နေ့မတိုင်ခင်တွင် ထိုက်ချီပြည်ကြီးသည် အမျိုးမျိုးသော ပြင်ဆင်စရာတွေနှင့် ရှုပ်ယှက်ခတ် နေခဲ့သည်။ ယနေ့သည် ပြည့်ရှင်ကိုယ်တိုင် စောင့်နေခဲ့တဲ့ အထွက်အမြတ်နေ့မို့ အားလုံးသည်လည်း ပျော်ပါးနေကြသည်။

ထိုက်ချီပြည်ကြီးက အမျိုးမျိုးသော ဘေးအန္တရာယ်တွေကို အတူတူ ရင်ဆိုင် ဖြတ်သန်းလာရတဲ့ မင်းဆက်တွေ၊ ခေတ်စနှစ်တွေလည်း အလီလီ ပြောင်းလဲ လာခဲ့ပြီ ဖြစ်သည်။ ယခုမင်းဆက်၏ ပထမဆုံး မင်းတက်နှစ်မှာ ပထမဆုံးသော မိဖုရားပေါ်ထွန်းမည့် အချိန်အခါလည်း ဖြစ်ပါသည်။ တစ်ပြည်လုံးက တိုင်းပြည်၏ မိခင်၏ တင်စားလို့ရသော ပန်းဖွား မီးအိမ်ရှင်ကို စိတ်လှုပ်ရှားစွာ စောင့်စား နေကြတာ ဖြစ်သည်။

ဇာမဏီခန်းမကြီးတွင် ထိုက်ခွန်းသည် သေချာ အာရုံစိုက် အလုပ်လုပ်နေတာ ဖြစ်သည်။ သူသည် သေချာရောစပ်ပေးထားသော ဆေးရောင် ပန်းနုနုလေးကို အဓိက အသုံးပြု နေရတာ ဖြစ်သည်။ သူ့ခမည်းတော် နန်းဆက်မှာတောင် မရှိခဲ့သည့် ကြယ်တာရာ တန်းပွဲတော် ဖြစ်တာမို့ ပိုလို့ အာရုံ စိုက်နေတာလည်း ဖြစ်ပါသည်။

ကောင်းကင်က သူ့အတွက် ပေးလာမည့် ဆုလာဘ်တော်လည်း ဖြစ်တာမို့ လွန်ခဲ့တဲ့ လတွေကတည်းက သေချာ အာရုံစိုက် ပြင်ဆင်ပေးခဲ့တာ ဖြစ်သည်။ မိဖုရား၏ ဇာမဏီဝတ်စုံ၊ အဆင်တန်ဆာများနှင့် သရဖူအထိ အသေးစိတ်ကျကျ ပြင်ဆင် ပေးခဲ့တာ ဖြစ်သည်။

ထိုက်ခွန်း၏ အနီးကပ် ခစားရသော အထိန်းတော်ကြီးမှာ အပြာယာခတ်ဆုံး ကာလကို ဖြတ်သန်းနေရပေသည်။ သူက ရတနာတို့ စီတန်းထားသော ဖိနပ် အရွယ်အစား အမျိုးမျိုးကို ပြင်ဆင် ထားကာ ထိုက်ခွန်းကို ပြသနေတာ ဖြစ်သည်။

" အရှင်မင်းကြီး ... ကျွန်တော်မျိုး စီးတော်ဖိနပ်လေးတွေ အသင့်ပြင်ထားပြီးပါပြီ!"

အရောင်စုံ၊ အရွယ်စုံ၊ လှပသော ဖိနပ်လေးတွေ ဖြစ်သည်။ မိဖုရားသည် ဝသလား၊ ပိန်သလား၊ ငယ်သလား၊ အိုသလား မသိရသည့်အတွက် အကုန်ပြင်ဆင်ထားရသည်။ ထိုက်ခွန်းက တစ်ချက်လောက် ကြည့်ပြီးတာနဲ့ အဆင်ပြေကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။

Dragon's Blade   [ Season-2 ] Where stories live. Discover now